တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, August 9, 2016

လိုရာပုံအမျိုးမျိုး ပြောင်းလို့ရသည့် ခေတ်ရှေ့ပြေး စမတ်ဖုန်း




ဒီဖုန်းဟာ မိုဘိုင်းဖုန်းတွေရဲ့ အနာဂတ် ဖြစ်လာ တော့မှာပါ။ ကျူဘီမော့ဖ်ဟာ ပလတ်စတစ် ကုဗတုံးတွေနဲ့ တွဲဆက် တည်ဆောက် ထားတဲ့ ထိသိ မျက်နှာပြင်ပါ
ခေတ်ရှေ့ပြေး ဖုန်းတလုံး ဖြစ်ပါတယ်။

“ဒါက ကုဗတုံးတခုနဲ့ တခု ချိတ်ဆက် ထားတဲ့ အစဉ်တန်း တခုပါ။ ဒီအတန်းကနေ လှည့်ကာ ချိုးကာ ခေါက်ကာနဲ့ လိုရာပုံ အမျိုးမျိုးကို ပြောင်းလို့ ရပါတယ်။

သူ့အလိုလို ကွေ့ကာ ချိုးကာနဲ့ ပုံပြောင်းသွားဖို့က သိပ်ကိုရှုပ်ထွေးတဲ့ နည်းစဉ်တခု ဖြစ်ပါတယ်။ ဒါကြောင့် အထဲမှာထည့်ထားတဲ့ အယ်လ်ဂိုရီသမ်စနစ်က ကန့်သတ်ထားတဲ့ အထူးနယ်ပယ်အတွင်းမှာ ကျနော်တို့လိုချင်တဲ့ ပုံအမျိုးမျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။”

ပတ္တာဆက်ထားပြီး လိုရာလှည့်နိုင်တဲ့ ယန္တရားစနစ်ကြောင့် အသုံးပြုသူအဖို့ စက္ကန့်ပိုင်းအတွင်း လိုရာပုံကို တွဲဆက်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ ဆဲလ်ဖုန်းအဖြစ်ကနေ ဂိမ်းထိန်းချုပ်တံအဖြစ် ပြောင်းပစ်နိုင်မှာ ဖြစ်ပါတယ်။

“ကျနော်တို့အားလုံးရဲ့ အိတ်ကပ်ထဲမှာ စမတ်ဖုန်းတလုံးတော့ ပါစမြဲပဲ။ ဒီစမတ်ဖုန်းကို နေ့စဉ်လိုလို အလုပ်မျိုးစုံ ခိုင်းကြစမြဲပါပဲ။ ဒီတော့ ဒီပရောဂျက်ရဲ့ ရည်ရွယ်ချက်ကိုက ဒီကိရိယာထဲမှာ ဖန်တီးနိုင်စွမ်းတွေကို ထည့်နိုင်သလောက် ထည့်ပေးဖို့ပါ။ ဒါမှသာ ထိသိအာရုံလည်းရှိ၊ ပုံသဏ္ဌာန်လည်းရှိတဲ့ ပြောင်းလွယ်ပြင်လွယ်ဖုန်းမျိုးကို ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်သုံးနေတဲ့ ပစ္စည်းတိုင်းက ပုံသဏ္ဌာန်ရှိဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ်ဆောင်ရွက်လိုတဲ့ အလုပ်တွေနဲ့ ကွက်တိ အံဝင်ခွင်ကျဖြစ်ဖို့ လိုအပ်တာပေါ့။”

ဘရစ္စတို၊ ပါဂျူး၊ ဆက်စက်ခ်စ်နဲ့ လန်ကတ်စတာ တက္ကသိုလ်တွေက ဒီဇိုင်းအဖွဲ့ဟာ ချိတ်ဆက်တုံ့ပြန် ပုံပြောင်းနိုင်စွမ်းရှိတဲ့ အနာဂတ်မျှော် ဖုန်းပုံစံသစ်ကို လိုချင်နေတာပါ။ သူတို့ကတော့ လာမယ့် ၁၅ နှစ်အတွင်း ဈေးကွက်ဝင်ဖုန်းပုံစံသစ်ကို ဖြန့်ချိသွားနိုင်မယ်လို့ ယူဆထားပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/162876

No comments: