တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, August 8, 2016

Android Marshmallow တွင် Default Browser App သတ်မှတ်ခြင်းနှင့် Android ဖုန်းဖြင့် QR Code တစ်ခု ဖန်တီးခြင်း



ပထမဆုံး အနေနဲ့ Android Marshmallow ဗားရှင်းမှာ Default Browser သတ်မှတ်တဲ့ နည်းလမ်းကို ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။

Android Marshmallow မှာ Default Browser App သတ်မှတ်ဖို့ အတွက် ဖုန်းထဲ ကနေ Settings စနစ် ထဲကို သွားလိုက်ပါ။ Settings စနစ်ထဲကို ရောက်သွားပြီ ဆိုရင်တော့ Apps ကို ရွေးပေးပါ။

Apps စနစ်ထဲ ရောက်ပြီ ဆိုရင်တော့ ညာဘက် အပေါ် ထောင့် နားက အစက်သုံးခု ဆင့်ထားတဲ့ Menu icon ကို နှိပ်လိုက်ပါ။



ပေါ်လာတဲ့ မြင်ကွင်းထဲကမှ Default Apps ကို ထပ်ရွေးပေးပါ။

Default Apps စနစ်ထဲကိုရောက်သွားပါမယ်။ အဲဒီထဲကမှ Browser app ဆိုတာကို ထပ်ရွေးပေးရပါမယ်။



Browser app ကို နှိပ်လိုက်ရင်တော့ မိမိဖုန်းထဲမှာ ထည့်သွင်းထားတဲ့ Browser icon တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ Default အနေနဲ့ ထားရှိချင်တဲ့ App icon ကိုနှိပ်ပြီး ရွေးပေးရမှာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ ပုံမှာတော့ Chrome ကို ရွေးချယ်ပြ ထားတာဖြစ်ပြီး မိမိအနေနဲ့ အသုံးပြုချင်တဲ့ Browser ကို ရွေးချယ်ပေးနိုင်ပါတယ်။


အဲဒီလိုရွေးချယ် ပေးလိုက်မယ် ဆိုရင်တော့ မိမိအနေနဲ့ Browser အသုံးပြုဖို့ ရွေးချယ်တဲ့ အချိန်တိုင်းမှာ မည်သည့် Browser ကို သုံးမယ်ဆိုတာကို ရွေးချယ်စရာမလိုဘဲ ဖုန်းကနေ မိမိရွေးပေးထားခဲ့တဲ့ Browser ကို Default အနေနဲ့ အသုံးပြုပေးမှာ ဖြစ်ပါတယ်။

အခု ဒုတိယပြုလုပ်နည်း တစ်ခုအနေနဲ့ Android OS စနစ်သုံး ဖုန်းတစ်လုံးနဲ့ QR Code တစ်ခုဖန်တီးနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

QR Codes တွေကို မိမိရဲ့ Android ဖုန်းကနေ အလွယ်တကူ ဖန်တီးနိုင်ပါတယ်။ အဲဒီလိုဖန်တီးဖို့အတွက် QR Codes Gene-rator App တော့ ဖုန်းမှာရှိဖို့ လိုအပ်ပါတယ်။ အခု ကိုယ်ပိုင် QR codes တွေကို အလွယ်တကူ ဖန်တီးနိုင်ဖို့အတွက် ဦးစွာ Google PlayStore ကိုဖွင့်လိုက်ပါ။ ပြီးရင်တော့ Search ဆိုတဲ့အကွက်ထဲမှာ barcode ဆိုပြီး ရိုက်ထည့်လိုက်ပါ။

App တွေများစွာ ပေါ်လာမှာဖြစ်ပြီး ပေါ်လာတဲ့ App တွေထဲကမှ Barcode Generator/Reader ဆိုတဲ့ App ကိုရွေးပေးလိုက်ပါ။



ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း INSTALL ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။



INSTALL ဆိုတာကို နှိပ်လိုက်ရင်တော့ ဖုန်းထဲကို App ထည့်သွင်းလိုက်မှာဖြစ်ပြီး ပြီးတဲ့အထိ စောင့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ Done ဆိုတဲ့စာသားနဲ့ Open ဆိုတဲ့စာသားနှစ်ခု ဖုန်းမြင်ကွင်းရဲ့ အောက်ခြေနားမှာ ပေါ်လာမှာ ဖြစ်ပါတယ်။

Open ကိုနှိပ်ပြီး App ကိုဖွင့်လိုက်ပါ။ App ကိုဖွင့်လိုက်ရင်တော့ အောက်ဖော်ပြပါပုံအတိုင်း Text ဆိုတဲ့ စာသားပေါ်နေတဲ့ အကွက်ရဲ့ ညာဘက်ထောင့် နားလေးက တြိဂံ icon လေးကို တစ်ချက်နှိပ်လိုက်ပါ။



တြိဂံ icon လေးကို နှိပ်လိုက် ရင်တော့ စာသားတွေ ပါဝင်တဲ့ box တစ်ခု ကျလာမှာ ဖြစ်ပြီး မိမိ အနေနဲ့ QR code အနေနဲ့ ဖန်တီးချင်တဲ့ အချက် တစ်ခုကို ရွေးပေး ရမှာ ဖြစ်ပါတယ်။

အခုဒီမှာတော့ ဝက်ဘ်ဆိုက်လိပ်စာကိုပဲ QR Code အနေနဲ့ ဖန်တီးမှာဖြစ်တဲ့ အတွက် URL ကိုရွေးချယ်လိုက်ပါတယ်။


ပြီးရင်တော့ URL အကွက်ထဲမှာ မိမိရဲ့ဝက်ဘ်ဆိုက် လိပ်စာအပြည့်အစုံကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

လိပ်စာအပြည့်အစုံ ထည့်ပြီးရင်တော့ Generate ကိုနှိပ်ပြီး QR code အဖြစ် ပြောင်းပေးရမှာ ဖြစ်ပါတယ်။



အောက်ဖော်ပြပါ ပုံမှာတော့ ဖုန်းကနေ ဝက်ဘ်ဆိုက်လိပ်စာကို QR code အနေနဲ့ ပြောင်းလဲပေး လိုက်တဲ့ ပုံကို မြင်တွေ့ ရမှာပဲ ဖြစ်ပါတယ်။

မိမိအနေနဲ့ QR code ကို ဖုန်းထဲမှာ သိမ်းဆည်း ထားမယ် ဆိုရင်တော့ Save ကိုနှိပ်ပြီးသိမ်းဆည်း ရမှာ ဖြစ်ပါတယ်။ အခြား သူတွေကို တိုက်ရိုက် မျှဝေ ချင်တယ် ဆိုရင်တော့ Share ကိုနှိပ်ပြီး မျှဝေနိုင် ပါတယ်။

အဲ့ဒီလိုမှမဟုတ်ဘဲ QR Code ပြုလုပ်ထားတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို ပြန်လည်ပြင်ဆင် ချင်တယ်ဆိုရင်တော့ Edit ကိုနှိပ်ပြီး ပြန်လည်ပြင်ဆင် နိုင်မှာဖြစ်ပါတယ်။



Save ကို နှိပ်ရင်တော့ သူ့အလိုလို သိမ်းဆည်းပေး သွားမှာပါ။ Share ကိုနှိပ်မယ် ဆိုရင်တော့ ခုလို ထပ်မံမြင်တွေ့ရ ပါလိမ့်မယ်။



ဒီနေရာကနေ မိမိ Share ပြုလုပ်ချင်တဲ့ နေရာတွေကို ရွေးချယ်ပြီး Share ပြုလုပ်နိုင်ပါတယ်။

Edit ကို နှိပ်လိုက် ရင်တော့ QR Code စတင် ပြုလုပ်စဉ်က ဝက်ဘ်ဆိုက် လိပ်စာ ဖြည့်သွင်းတဲ့ နေရာကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ပြင်ဆင်ချက်တွေ ပြုလုပ် ပြီးပြီ ဆိုရင်တော့ Generate ပြန်လည် ပြုလုပ် ရမှာ ဖြစ်ပါတယ်။

From : Internet journal - By : သီဟ

Originally published at - http://www.internetjournal.media/how-to/7356

No comments: