တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, August 24, 2016

Facebook က ၃၆၀ ဒီဂရီ ဗီဒီယိုများ အတွက် Guided Tour ကို ပြုလုပ်ပေး




Facebook က ၃၆၀ ဒီဂရီ ဗီဒီယို ဖန်တီးသူများအတွက် ဗီဒီယိုရဲ့ အကောင်းဆုံး ရှုထောင့် များအား ကြည့်ရှု သူများ အတွက် လမ်းညွှန် သို့မဟုတ် ကြိုတင် သတ်မှတ်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်း ပေးလိုက် ပါတယ်။

ထို့အတွက် ကြည့်ရှု သူများက အကောင်းဆုံး ရှုထောင့်ကို ကိုယ်တိုင် လှည့်ပြောင်း စရာမလိုတော့ပါဘူး။

အကယ်၍ ကိုယ်တိုင် လှည့်ပြောင်း ချင်ရင်လည်း ပြုလုပ်နိုင် ပါတယ်။ Guided Tour စွမ်းဆောင်ချက်ကို Default အားဖြင့် On ပေးထားမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ကနေ ယခုအချိန် အထိ Facebook မှာ ၃၆၀ ဒီဂရီ ဗီဒီယိုပေါင်း ၂၅၀ ၀၀၀ ကျော်ကို Upload ပြုလုပ် ခဲ့ကြပြီး ဖြစ်ပါတယ်။

GoPro နဲ့ ABC News တို့ အပါအ၀င် Publishers များစွာက Guided Tour ကို စတင် အသုံးပြုနေကြပါပြီ။ ထို့အပြင် Facebook က ၃၆၀ ဒီဂရီ ဗီဒီယို ဖန်တီး သူများ အတွက် လူကြည့် အများဆုံး အပိုင်းကို ပြသပေးတဲ့ Heatmap စွမ်းဆောင်ချက် ကိုလည်း ထည့်သွင်း ပေးလိုက် ပါတယ်။

၃၆၀ ဒီဂရီ ဗီဒီယို ကြည့်ရှုမှု အခြေအနေကိုလည်း အသက် အရွယ်၊ လိင်၊ တည်နေရာ ကဏ္ဍများဖြင့် မိနစ် အလိုက် ပြသ ပေးလာ ပါတယ်။

ထုတ်လွှင့်နေစဉ် အတွင်း ကြည့်ရှု သူများ ပြုလုပ်ကြတဲ့ Reactions, Comments, Shares များကိုလည်း သိနိုင် လာပါတယ်။

ဒီစွမ်းဆောင်ချက်များကို စတင် ဖြန့်ချီပေးနေပြီး လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကမ္ဘာအ၀န်းမှာ သုံးနိုင်တော့မှာပါ။

From : Myanmar digital life - By Thu Ya

Originally published at - http://www.blog.myanmardigitallife.com

No comments: