တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, August 8, 2016

Facebook က ဗီဒီယိုတွေကို ဖုန်းကနေ ဒေါင်းမယ်




Facebook က သူ့ရဲ့ လူမှု ကွန်ရက်က ဗီဒီယို တွေကို Download လုပ်ဖို့ နည်းလမ်းကို မပေး ထားပါဘူး။ ဒါပေမယ့် Facebook က ဗီဒီယို တွေကို ဒေါင်းလို့ ရတဲ့ နည်းလမ်းများ ရှိပါတယ်။

အဲဒီအထဲကမှ ဖုန်းကနေ Facebook ဗီဒီယိုတွေကို ဒေါင်းနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းကို ရေးသားပေး လိုက်ပါတယ်။

ဒီနည်းလမ်းမှာ Video Downloader for Facebook ဆိုတဲ့ Android App ကို အသုံးပြုမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်က သူ့ထဲကနေ သင့် Facebook News Feed ကို ကြည့်နိုင်တာဖြစ်ပြီး ကြိုက်တဲ့ ဗီဒီယိုတွေ့ရင် ဒေါင်းလိုက်ရုံပါပဲ။

Video Downloader for Facebook ကို အောက်ပါ Link ကနေ ရယူပါ။

https://goo.gl/V5mSBA


(၁) Video Downloader for Facebook ကို သင့်ဖုန်းမှာ Install လုပ်ပြီး ဖွင့်ပါ။ အသုံးပြုနည်းကို ပြသပေးမှာ ဖြစ်ပါတယ်။ အောက်ခြေမှ Got It ကို နှိပ်ပါ။


(၂) Home Screen ရဲ့ အောက်ခြေမှ Browse Facebook ခလုတ်ကို နှိပ်ပါ။


(၃) နောက်အဆင့်မှာ သင့် Facebook အကောင့်ရဲ့ Username, Password ကို ရိုက်ထည့်ပေးပါ။ Login ခလုတ်ကို နှိပ်ပါ။


(၄) သင့်ရဲ့ News Feed မှ နှစ်သက်ရာ ဗီဒီယိုကို တွေ့ရင် တစ်ချက်နှိပ်ပါ။


(၅) ဗီဒီယိုကို ကြည့်ချင်ရင် Watch ကို နှိပ်ပါ။ Download ကို နှိပ်ရင် ဒေါင်းပေးမှာ ဖြစ်ပါတယ်။


(၆) ညာဘက် အပေါ်ထိပ်မှ Menu ကို နှိပ်ပြီး Downloading ထဲသွားရင် ဒေါင်းနေတဲ့ ဗီဒီယို များကို တွေ့နိုင် ပါတယ်။

Download ပြီးစီးမှုကိုလည်း ရာခိုင်နှုန်းနဲ့ ပြသပေး ထားပါတယ်။ Download လုပ်ထားတဲ့ ဗီဒီယိုများကိုလည်း အဲဒီနေရာ မှာပဲ ကြည့်နိုင်ပါတယ်။


Music Video များကို MP3 အဖြစ် ပြောင်းလဲချင်ရင် ဗီဒီယိုကို တစ်ချက်နှိပ်ပါ။ Convert to MP3 ကို နှိပ်ပါ။

Myanmar digital life - By : Thu Ya

Originally published at - http://www.blog.myanmardigitallife.com

No comments: