တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, August 24, 2016

Facebook မှာ ၃၆၀ ဒီဂရီ ဓါတ်ပုံများ တင်နည်း




Facebook က မကြာခင်က ၃၆၀ ဒီဂရီ ဓါတ်ပုံ များကို တင်ခွင့်ပြု ခဲ့ပါတယ်။ ၃၆၀ ဒီဂရီ ဓါတ်ပုံ များဟာ မြင်ကွင်းကျယ် ဓါတ်ပုံများ ဖြစ်ပြီး ဒတ်စတော့မှာ ဆိုရင် Mouse ဖြင့်၊ ဖုန်းမှာ ဆိုရင် လက်နဲ့ ဖုန်းကို နေရာရွှေ့ ခြင်းဖြင့် မြင်ကွင်း များကို ပြောင်းလဲ ကြည့်နိုင်တာ ဖြစ်ပါတယ်။

၃၆၀ ဒီဂရီ ဓါတ်ပုံများ ရိုက်ကူးနိုင်တဲ့ App ကို အသုံးပြုပြီး အဲဒီ ဓါတ်ပုံများ ဖန်တီးနိုင်ပါတယ်။

၃၆၀ ဒီဂရီ ဓါတ်ပုံများ မကြည့်ဖူးသူဆိုရင် Facebook Search Box ကနေ 360 Photos လို့ ရိုက်လိုက်တာနဲ့ ဓါတ်ပုံများကို လေ့လာနိုင်ပါတယ်။

၁။ Google Street View ဖြင့် ၃၆၀ ဒီဂရီ ဓါတ်ပုံ ရိုက်ကူးခြင်း။



  • Google Street View Camera App ကို Play Store ကနေ Install လုပ်ပါ။
  • App ကို ဖွင့်ပြီး Plus Icon ကို နှိပ်ပါ။
  • Camera ကို နှိပ်ပါ။ 360 Photo ရိုက်ကူးဖို့ App က ဆက်လက်ညွှန်ကြားမှာပါ။
  • ဖုန်းကို တတ်နိုင်သလောက် ငြိမ်အောင်ထားပြီး သင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ရိုက်ကူးရမှာပါ။
  • လိမ္မော်ရောင် အလုံးကို စက်ဝိုင်းထဲဝင်အောင် ချိန်ရွယ်ပေးရမှာပါ။
  • စက်ဝိုင်းထဲ ရောက်တာနဲ့ အလိုလို ဓါတ်ပုံရိုက်ပေးမှာပါ။
  • ဒီနည်းအတိုင်း သင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ပြီး ဓါတ်ပုံများ ရိုက်ကူးရမှာပါ။
  • လိုအပ်တဲ့ ဓါတ်ပုံ အားလုံး ရိုက်ပြီးရင်တော့ အစိမ်းရောင်ပြောင်းသွားမှာပါ။
  • သင် ရိုက်လိုက်တဲ့ ဓါတ်ပုံတစ်ခုကို စိတ်တိုင်းမကျရင် ဘယ်ဘက်အောက်ခြေမှ Undo Icon ကို နှိပ်ပါ။

၂။ အခြား Apps များကို အသုံးပြုခြင်း။



iPhone ရဲ့ Panorama Mode , နောက်ဆုံးထုတ် Android Camera ရဲ့ Photo Sphere Mode များနဲ့လည်း 360 Photos များ ရိုက်ကူးနိုင်ပါတယ်။

Samsung Phone များမှာ ဆိုရင် Surround Shot Mode ကို သုံးနိုင်ပါတယ်။ အခြား ဖုန်းများမှာလည်း အလားတူ Mode များကို ရှာဖွေ သုံးနိုင်ပါတယ်။

Google ရဲ့ VR-Ready Cardboard Camera ကိုလည်း Play Store ကနေ ရယူ သုံးနိုင်ပါတယ်။

၃။ 360 Photos များကို Upload လုပ်ခြင်း။



360 Photos များကို Facebook ပေါ် တင်ရတာ အခြား ဓါတ်ပုံများကို တင်ရသလိုပါပဲ။ ဖုန်းမှာ ဆိုရင် Status Box ကနေ Photo ကို နှိပ်ပါ။ ဒတ်စတော့မှာ ဆိုရင် Photo/Video Link ကို နှိပ်ပြီး တင်နိုင်ပါတယ်။

၎။ 360 Photos များကို ကြည့်ခြင်း။



Upload လုပ်ပြီးရင် သင့် ပရိုဖိုင်ထဲ သွားပြီး ဓါတ်ပုံကို တစ်ချက်နှိပ်ပါ။

ဒတ်စတော့မှာ ဆိုရင် Mouse နဲ့ Drag ဆွဲပြီး မြင်ကွင်းများ ပြောင်းလဲကြည့်နိုင်ပါတယ်။

ဖုန်းမှာဆိုရင် ဖုန်းကို လှည့်ပေးခြင်းဖြင့် ကြည့်နိုင်ပါတယ်။

360 Photos များရဲ့ ညာဘက်အောက်ထောင့်နားမှာ ရေဒါနဲ့ တူတဲ့ အိုင်ကွန်အသေးလေးကို မြင်တွေ့နိုင်ပါတယ်။

From : Myanmar digital life - By : Thu Ya

Originally published at - http://www.blog.myanmardigitallife.com

No comments: