တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, August 24, 2016

OTG Cable နဲ့ သင့် Android Device ရဲ့ စွမ်းရည်ကို တိုးမြှင့်နိုင်မယ့် နည်းလမ်း ၆ ခု




Device တွေ ကြားမှာချိတ်ဆက်ဖို့ အတွက် USB On The Go (OTG) ဟာ အလွန် အသုံးဝင် ပါတယ်။ သင့် Device ရဲ့ စွမ်းရည်ကို တိုးမြှင့်ဖို့အတွက် OTG ကို နည်းလမ်း များစွာနဲ့ အသုံးပြုနိုင် ပါတယ်။ OTG ကြိုးဟာဈေးလည်း သက်သာပြီးကျပ် ထောင်ဂဏန်းသာ ရှိပါတယ်။ ဒီတစ်ပတ် Mobile Tips ကဏ္ဍမှာ OTG ကြိုးကိုအသုံးချနိုင်မယ့် အကောင်းဆုံး နည်းလမ်းများကို ဖော်ပြ ပေးလိုက် ပါတယ်။

၁။ Game Controller နဲ့ ဖုန်းကိုချိတ်ဆက်ပါ။



စမတ်ဖုန်းများဟာ သေးငယ်တဲ့ အတွက် ဂိမ်းအများစု အတွက်တော့ ကစားရတာ အဆင်မပြေပါဘူး။ Game Controller နဲ့ ကစားမှ အဆင်ပြေတဲ့ ဂိမ်းများ ရှိပါတယ်။ အထူးသဖြင့် ကားပြိုင်ပွဲများ၊ သေနတ်ပစ် ကစားနည်းများ၊ အားကစားဂိမ်းများကို ကစားရင် Game Controller က အကောင်းဆုံးပါ။

Android Games တော်တော်များများက External Controller ကိုထောက်ပံ့ပေးပါတယ်။ External Controller ကိုဖုန်းနဲ့ ချိတ်ဆက်ဖို့အတွက် OTG ကြိုးကိုအသုံးပြုနိုင် ပါတယ်။ အချို့ဖုန်းများဟာ Game Controller ကိုအပြည့် အ၀ထောက်ပံ့ပေမယ့် အချို့ဖုန်းများမှာတော့ Root လုပ်ထားရမှာပါ။

၂။ ဖုန်းတစ်လုံးကို အခြားဖုန်းဖြင့် အားသွင်းပါ။



OTG ကြိုးကို အသုံးပြုပြီးဖုန်းတစ်လုံးမှ အားကို အခြားဖုန်းသို့ ပေးပို့ နိုင်ပါတယ်။ နည်းလမ်းက လွယ်ကူပါတယ်။ အားပေးမယ့် ဖုန်းမှာ OTG ကြိုးကို တပ်ဆင်ပါ။ အားယူမယ့် ဖုန်းမှာOTG ကြိုးရဲ့ အခြားတစ်ဖက်ရှိ သာမာန် USB ခေါင်းနဲ့ ချိတ်ဆက်ပါ။

အားပေးမယ့် ဖုန်းရဲ့ ဘက်ထရီပမာဏဟာ အားယူမယ့် ဖုန်းရဲ့ ဘက်ထရီပမာဏထက် ပိုများဖို့ လိုအပ်ပါတယ်။

၃။ USB Flash Drive or Hard Drive ကိုဖုန်းနဲ့ ချိတ်ဆက်ပါ။



USB Flash Drive or Hard Drive များကိုဖုန်းနဲ့ ချိတ်ဆက်ဖို့ OTG ကြိုးကိုအသုံးပြုနိုင်ပါတယ်။ Flash Drive ကို ကြိုးရဲ့ ဒုတိယ Port မှာချိတ်ဆက် လိုက်ရုံပါပဲ။ ဖုန်းမှ ဖိုင်မန်နေဂျာကို အသုံးပြုပြီး Flash Drive မှ ဖိုင်များကို ရယူနိုင်ပါတယ်။

၎။ USB Mouse or Keyboard များကိုဖုန်းနဲ့ ချိတ်ဆက်ပါ။



Android ဖုန်းမှာ စာရိုက် ရတာ ခက်ခဲ ပါတယ်။ ဖုန်းမှာ စာရိုက်ရတာဟာ ကွန်ပြူတာမှာ စာရိုက်ရ တာလောက် မမြန်သလို မတိကျ ပါဘူး။ ဒါပေမယ့် OTG ကြိုးကို အသုံးပြုပြီး ဖုန်းကို Mouse or Keyboard များနဲ့ ချိတ်ဆက် နိုင်ပါတယ်။

၅။ Modem နဲ့ ချိတ်ဆက်ပါ။



သင့်ရဲ့ ဖုန်းမှာအင်တာနက် အသုံးပြုဖို့ အတွက် Mobile Data နဲ့ WiFi ကို အသုံးပြုနိုင် ပါတယ်။ လူသိနည်းတဲ့ နောက်ထပ် နည်းလမ်း တစ်ခုက OTG ကြိုးနဲ့ Modem ကို ချိတ်ဆက်ပြီးအင်တာနက် အသုံးပြုနိုင် ပါတယ်။

၆။ External Microphone နဲ့ အသံဖမ်းယူပါ။



သင့်ဖုန်းမှာပါတဲ့ မိုက်ကရိုဖုန်းဟာ ကိစ္စ အများစု အတွက်တော့ အဆင်ပြေ လုံလောက် ပါတယ်။ ဒါပေမယ့် အရည် အသွေးမြင့်တဲ့ အသံများကိုဖမ်းယူဖို့ အတွက်တော့ သီးခြား မိုက်ကရိုဖုန်းက ပိုမို ကောင်းမွန်ပါတယ်။

USB Port ပါတဲ့ မိုက်ကရိုဖုန်းမော်ဒယ်များစွာ ရှိပါတယ်။ အဲဒီမိုက်ကရိုဖုန်းကိုဖုန်းနဲ့ ချိတ်ဆက်ဖို့ အတွက်လည်း OTG ကြိုးကို အသုံးပြုနိုင်ပါတယ်။ USB Audio Recorder Pro လို App များရဲ့ အကူအညီ ကိုတော့ လိုအပ် ပါတယ်။

From : Myanmar digital life - By : Thu Ya

Originally published at - http://www.blog.myanmardigitallife.com

No comments: