တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, August 21, 2016

Google ၏ Duo video chat app အကြောင်း သိထားသင့်သည့် အချက် (၇) ချက်




ယခုနှစ် developer conference မှာ မိတ်ဆက် ကြေညာ ခဲ့တဲ့ Duo video chat app ကို Google က စတင်ဖြန့်ချိ ပေးလိုက် ပါတယ်။ Duo နဲ့ အတူ မိတ်ဆက် ကြေညာ ခဲ့တဲ့ Allo messaging app ကိုတော့ မကြာမှီမှာ ဖြန့်ချိ ပေးသွား မယ်လို့ ဆိုပါတယ်။ ဒါကြောင့် Duo ကို စတင် သုံးစွဲတဲ့ အခါမှာ သိထား သင့်တဲ့ အချက်တွေကို ဖော်ပြ လိုက် ပါတယ်။

(၁) Duo ကို သုံးဖို့ အတွက် Google account တစ်ခုရှိဖို့ မလိုပါဘူး။ ဖုန်းနံပါတ် ရှိရုံနဲ့ အသုံးပြုနိုင် ပါတယ်။ Duo ကို install လုပ်ပြီးတာနဲ့ ဖုန်းနံပါတ်ကို ထည့်သွင်းပြီး တဲ့နောက် SMS ကနေ verification code တစ်ခုကို လက်ခံ ရရှိပါမယ်။ အဲ့ဒီ code ကို ဖြည့်စွက် ပြီးတာနဲ့ Duo ကို သုံးနိုင်ပါပြီ။

(၂) Duo က cross-platform ဖြစ်ပေမယ့် အသုံး အများဆုံး မိုဘိုင်း operating system နှစ်ခုဖြစ်တဲ့ iOS နဲ့ Android မှာပဲ အသုံးပြုနိုင် ပါသေးတယ်။ ဒါကြောင့် Windows, OS X, Chrome OS နဲ့ Windows Phone တွေမှာ အသုံးပြုလို့ မရနိုင်ပါဘူး။

(၃) Duo မှာပါတဲ့ Knock Knock ဆိုတဲ့ feature ဟာ သူငယ်ချင်း တစ်ယောက် ဆီက ခေါ်ဆိုမှု တစ်ခု လက်ခံ ရရှိတဲ့ အခါမှာ ခေါ်ဆို သူရဲ့ video preview ကို ဖော်ပြပေး ပါတယ်။ Android ပေါ်မှာ ဆိုရင် ခေါ်ဆိုသူကို lock screen ပေါ်မှာတောင် တွေ့မြင်နိုင် ပါတယ်။ iOS မှာတော့ lock screen အတွက် developer access မပေးထား တာကြောင့် ဖုန်းကို unlock လုပ်ပြီးမှ ခေါ်ဆိုမှုကို ဖြေကြားနိုင် ပါတယ်။

ဒီ feature ဟာ ကိုယ့်ရဲ့ contact စာရင်းမှာရှိတဲ့သူတွေနဲ့ပဲ အလုပ်လုပ်တာကြောင့် အပြင်သူစိမ်းလူတွေရဲ့ ခေါ်ဆိုမှုတွေကို video preview အနေနဲ့ ပြသမှာ မဟုတ် ပါဘူး။ နောက်ပြီး Knock Knock feature ကို မသုံးချင်ဘူးဆိုရင် settings မှာ disable လုပ်ထားနိုင်ပါတယ်။

(၄) Duo ကို ဗီဒီယိုခေါ်ဆိုမှုတွေအတွက်ပဲ အသုံးပြုနိုင်တာကြောင့် text message တွေ ပေးပို့လို့ရမှာမဟုတ်ပါဘူး။ Google အနေနဲ့ text message တွေနဲ့ ဓာတ်ပုံတွေ အတွက် Allo လို့ခေါ်တဲ့ messaging app ကို မကြာမီ ဖြန့်ချိပေးပါလိမ့်မယ်။

နောက်ပြီး Duo မှာ အသံသီးသန့် ခေါ်ဆိုမှုတွေကိုလည်း မပြုလုပ်နိုင်ပါဘူး။ အင်တာနက်လိုင်းမကောင်းတဲ့အခါမှာတော့ ဗီဒီယိုပြတ်တောက်သွားပြီး အသံသီးသန့်နဲ့ သုံးနိုင်ပေမယ့် “make an audio call” ခလုတ်သီးသန့် မပါဝင်ပါဘူး။

(၅) Duo ကို အသံ၊ ဗီဒီယိုနဲ့ P2P ဖိုင်ရွှေ့ပြောင်းမှုတွေအတွက် ထပ်ဆောင်း plug-in တွေနဲ့ ဆော့ဖ်ဝဲတွေ မလိုအပ်ဘဲ ပြုလုပ်နိုင်တဲ့ WebRTC ခေါ် Web Real-Time Communication ပေါ်မှာ တည်ဆောက်ထားပါတယ်။ Video chat တွေကို end-to-end encrypt လုပ်ထားတာကြောင့် Google အပါအဝင် အခြား မည်သူ မဆိုက စောင့်ကြည့် နားထောင် မှုတွေ ပြုလုပ်မှာကို စိုးရိမ်ဖို့ မလိုပါဘူး။

(၆) Duo ဟာ ဖုန်းတွေမှာပဲ အလုပ်လုပ်တာကြောင့် Google Play Store ကနေ tablet ထံ တိုက်ရိုက် download လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ APK ကို tablet ပေါ်မှာ install လုပ်ပြီး ဖုန်းနံပါတ်နဲ့ sign in လုပ်တဲ့ အခါမှာ အလုပ် လုပ်ပါတယ်။ iPad ပေါ်မှာတော့ Store မှာ show iPhone apps ကို ပြောင်းပြီး ရှာဖွေကာ install လုပ်နိုင် ပါတယ်။

(၇) Video call တွေ ခဏခဏ ခေါ်ဆိုပြီး စိတ် အနှောင့် အယှက်ပေး သူတွေကို Duo settings ကနေ အလွယ်တကူ block လုပ်ထားနိုင် ပါတယ်။

Ref: PCMag

From : Internet journal - By: နောင်နောင်

Originally published at - http://www.internetjournal.media/article/7518

No comments: