တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, August 21, 2016

Windows System အတွင်းရှိ ဖိုင်များကို ပြန်လည် ပြင်ဆင်ခြင်း




Windows Operating System တစ်ခုဟာ အလုပ် လုပ်တာ နှေးကွေး လာခြင်း၊ အခြားသော မလိုအပ်တဲ့ error တွေ ဖြစ်ပေါ်ခြင်း အစရှိတဲ့ ပြဿနာတွေ ကြုံတွေ့ နေရပြီ ဆိုရင် ဒါဟာ Windows System အတွင်းမှာ Virus, Malware အစ ရှိတာတွေ ဝင်ရောက် နေတာကြောင့် ဖြစ်နိုင် သလို အခြားသော Software တွေနဲ့ မကိုက် ညီတာ တွေကြောင့်လည်း ဖြစ်နိုင် ပါတယ်။

ဒီလိုအခြေအနေ မျိုးမှာ Windows System အတွင်းမှာ ရှိတဲ့ ဖိုင်တွေကို ပြန်လည်ပြင်ဆင် မယ်ဆိုရင် အောက်ဖော်ပြပါ အတိုင်း ပြုလုပ်နိုင် ပါတယ်။

Windows အတွင်းမှာရှိတဲ့ System File တွေကို ပြန်လည် ပြင်ဆင်ဖို့ စစ်ဆေးမယ်ဆိုရင် ပထမဦးဆုံး Start Menu ကို နှိပ်ပြီး Power Shell ဆိုတဲ့ keyword ကို ရိုက်ထည့် လိုက်ပါ။

PowerShell ပေါ်လာပြီဆိုရင် Right click နှိပ်ပြီး Run as administrator ကိုရွေးချယ်ပြီး ဖွင့်လိုက်ပါ။

PowerShell ပွင့်လာပြီဆိုရင် file တွေကို Scan ပြုလုပ်ဖို့အတွက် sfc /scannow ဆိုတဲ့ command ကိုရိုက်ထည့်ပြီး ဖိုင်တွေကို Scan ပြုလုပ်ပါ။

Scan ပြုလုပ်နေတဲ့ အချိန်ကို ခေတ္တစောင့်ဆိုင်း ပေးရပါမယ်။

ပြီးသွားရင် Error ဖြစ်တဲ့ ဖိုင်တွေကို ဖော်ပြပေးပါလိမ့်မယ်။ အကယ်၍ sfc command နဲ့ Error ဖြစ်တဲ့ ဖိုင်တွေကို မဖော်ပြပေးဘူးဆိုရင် “Dism /Online /Cleanup-Image/RestoreHealth” ဆိုတဲ့ command ကို PowerShell ထဲမှာ ရိုက်ထည့်ပြီး File တွေကို Scan ထပ်မံပြုလုပ် နိုင်ပါတယ်။

အကယ်၍ Windows System အတွင်းရှိ Error တွေကို ဖော်ပြပေး နေပြီဆိုရင်တော့ Windows System ဖိုင်တွေကို ပြန်လည်ပြင်ဆင် နိုင်ဖို့အတွက် သက်ဆိုင်ရာ Windows Installer DVD ဒါမှမဟုတ် USB Drive အစရှိတာတွေ လိုအပ်မှာ ဖြစ်ပါတယ်။

ပြီးသွားပြီဆိုရင် Dism /Online /Cleanup-Image /RestoreHealth /Source:wim:X:\sources\install.wim:1 /limitaccess ဆိုတဲ့ command ကို ထည့်သွင်း ပေးရပါမယ်။

ဒါဆိုရင် DISM ဆိုတဲ့ Tool နဲ့ Windows System အတွင်းရှိ Error ဖြစ်နေတဲ့ ဖိုင်တွေကို ပြန်လည် ပြင်ဆင်ပေး သွားပါလိမ့်မယ်။

အဆိုပါ ပြင်ဆင်မှု ပြီးသွားပြီဆိုရင် sfc /scannow ဆိုတဲ့ command နဲ့ ဖိုင်ပြင်ဆင်မှုတွေကို ပြန်လည် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

From: Internet journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/7432

No comments: