တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, September 20, 2016

window 10 အသုံးပြု သူများ အတွက် ဇော်ဂျီ ပြဿနာ ဖြေရှင်းနည်း




ဒီပို့စ်လေးကတော့ window 7 - 8 to10 အသုံးပြု သူများ အတွက်ဘဲ ဖြစ်ပါတယ်။

မိမိတို့ Window 10 မှာ System font တွေကို ပြောင်းချင်တယ် ဆိုရင် အောက်မှာ ဆက်ပြီးတော့ လေ့လာလိုက်ပါ။

ပထမ ဦးဆုံး

IconFont ဆိုတဲ့ Software လေးကို
ဒီနေရာမှာ (သို့မဟုတ်) ဒီနေရာမှာ ဒေါင်းယူ လိုက်ပါ။


☻မှတ်ချက်☺☺☺ ဒီဆော့ဝဲလေးကို စိတ်ချလက်ချ ဒေါင်းယူ အသုံးပြုနိုင်ပါတယ်။ ဘာဘာညာညာ ကလိမ်ကကျစ်တွေ ထည့်မထားပါဘူး။

ဒေါင်းလို့ ရလာတဲ့ IconFont exe လေးကို ဖွင့်လိုက်ပါ။



ပေါ်လာတဲ့ အကွက်ထဲမှာ Input font name: နေရာမှာ ဆက်ပြီး မိမိ အသုံးပြုချင်တဲ့ font အမည်ကို ရိုက်ထည့်ပါ။

ဥပမာ ... Zawgyi One Regular

ပြီးသွားရင် အဲဒါလေးကို ဘာမှ ဆက်မလုပ်ဘဲ ဒီအတိုင်းထားလိုက်ပြီး keyboard ကနေ window key + R ကို နှိပ်ပါ။


ပေါ်လာတဲ့ အကွက်ထဲမှာ regedit ကို ရိုက်ထည့်ပြီး Ok လိုက်ပါ။


ပေါ်လာတဲ့ အကွက်ထဲမှာ Yes ကို နှိပ်လိုက်တာနဲ့ Registry Editor အကွက် ပေါ်လာပါမယ်။

အဲဒီထဲမှာ အောက်မှာပြထားတဲ့ အတိုင်း တစ်ဆင့်ခြင်း ရှာလိုက်ပါ။

HKEY_CURRENT_USER > Control Panel > Desktop > WindowMetrics



နောက်ဆုံး WindowMetrics ရောက်ရင် ညာဘက်အကွက်ထဲမှာ IconFont အမည်နဲ့ ဟာလေးကို နှစ်ချက်ဆင့် ကလစ်ပါ။


ပေါ်လာတဲ့ အကွက်ထဲက code တွေကို Copy ယူလိုက်ပါ။

ပြီးသွားရင် ကျန်တဲ့ အကွက်တွေထမှ code တွေကို Copy ယူထားတဲ့ code နဲ့ ပြောင်းလဲ ပေးလိုက်ပါ။



အားလုံးပြီးရင်တော့ ဖွင့်ထားတာတွေ ပိတ်လိုက်ပြီး Computer ကို Restart ချလိုက်ပါ။

Window ပြန်တက်လာရင်တော့ သင့် Computer ထဲမှာ Icon, Menu, Folder စသည်တို့ မြန်မာလို အမည်ပေးလို့ ရသလို webSite တွေမှာ စာတက်ဖတ်တဲ့
အခါမှာလည်း စာလုံးတွေ ထပ်မနေတော့ဘဲ ရှင်းရှင်းလင်းလင်း စိတ်ချမ်းသာစွာနဲ့ ဖတ်နိုင်ပါပြီခင်ဗျား။။။

ပျော်ရွှင်ပါစေ ...။

ဆိုင်မွန်စာကြည့်ဆိုဒ်

Originally published at - http://Simon-vlog.com/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

5 comments:

  1. icon font ကဒေါင်းမရပါ

    ReplyDelete
  2. Icon Font ကဒေါင်းလို့မရပါ

    ReplyDelete
  3. လင့်ပြင်လိုက်ပါပြီ ဒေါင်းကြည့်ပါအုန်း

    ReplyDelete
  4. ကျန်တဲ့ အကွက်တွေထမှ code တွေကို Copy ယူထားတဲ့ code နဲ့ ပြောင်းလဲပေးလိုက်ပါ ဆိုတာကိုနားမရှင်းဘူုးဖစ်နေတယ်

    ReplyDelete
    Replies
    1. အပေါ်က ပုံထဲမှာ မြှားနီ ပြထားတာတွေကို ပြောတာပါ။

      Delete