တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 4, 2016

Android User တွေအတွက် Adobe ရဲ့ Photoshop App (၃) ခု




Android User တွေရဲ့ ဆန္ဒတွေ ပြည့်ဝ လာခဲ့ပါပြီ။ ယခင်က iOS အတွက်သာ ထွက်ရှိ ထားတဲ့ Adobe ရဲ့ Photoshop App တွေဟာ အခု အချိန်မှာတော့ Android အတွက်ပါ အခမဲ့ အနေနဲ့ ထွက်ရှိ လာပြီ ဖြစ်ပါတယ်။

ထွက်ရှိ လာတဲ့ Software တွေ ကတော့ Photoshop Sketch , Photoshop Fix နဲ့ Comp CC တို့ ဖြစ်ပါတယ်။

Photoship Sketch နဲ့ Photoshop Fix တို့ဟာ Digital ဓာတ်ပုံ ဆရာတွေနဲ့ ပန်းချီ ပညာရှင်တွေ အတွက် အကောင်းဆုံးသော App တွေ ဖြစ်ပြီး Comp CC ကတော့ graphic designer တွေ အတွေ layout & mockup software ဖြစ်ပါတယ်။

Photoshop Fix


Photoshop Fix ကတော့ PC ပေါ်မှာ သုံးတဲ့ Photoshop နည်းတူ သင့်ရဲ့ Android ဖုန်းပေါ်က ဓာတ်ပုံတွေကို အကောင်းဆုံး ပြင်ဆင်နိုင်မှာ
ဖြစ်ပါတယ်။

Adobe ရဲ့ Official App ဖြစ်တဲ့ အတွက် Photoshop Fix ကို သုံးဖို့ Adobe account တစ်ခုဖွင့်ရမှာ ဖြစ်ပြီး ဒါကလည်း အလွယ်တကူ ဖွင့်လို့ ရပါတယ်။

PC နဲ့ Mobile တွေ အားလုံးမှာ အသုံးပြုနေတဲ့ Adobe work တွေ အကုန်လုံးကို ချိတ်ဆက် အသုံးပြု ချင်ရင်တော့ Creative Cloud Account တစ်ခု ဖွင့်ရမှာ ဖြစ်ပါတယ်။

ဖုန်းပေါ်မှာ သုံးရုံပဲ ဆိုရင်တော့ Adobe account ဖွင့်ပြီး စိတ်ကျေနပ်စွာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Download Photoshop Fix Here


Photoshop Sketch


Photoshop Sketch ကတော့ ဒီဇိုင်းသမားတွေ အတွက် ပိုသင့်တော် ပါတယ်။ Animators နဲ့ illustrators တွေကို ၄င်းမှာ ပါဝင်တဲ့ tools (၁၁) ခုနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Digital Art တွေကို ဖုန်းပေါ်ကနေ ဖန်တီးချင်တဲ့ သူတွေ အတွက် အကောင်းမွန်ဆုံး App တစ်ခု ဖြစ်ပါတယ်။

Photoshop Fix လိုပါပဲ Device တစ်ခု ကနေ နောက် တစ်ခုကို work တွေ transfer လုပ်ချင်ရင်တော့ CC acount တစ်ခု လိုအပ်မှာ
ဖြစ်ပါတယ်။

Download Photoshop Sketch Here


Comp CC


ဖုန်းပေါ်ကနေ အကောင်းဆုံးသော web design တွေ ရေးဆွဲနိုင်တာက စိတ်ကျေနပ် စရာပါပဲ။ Graphic designer တွေ အတွက်တော့ အသုံး ဝင်ဆုံးသော App တစ်ခုဖြစ်မှာ သေချာ ပါတယ်။

Layout design တွေကို အကောင်းမွန်ဆုံး ဖန်တီးနိုင်ပြီး PC ပေါ်က Photoshop CC , Illustrator CC , InDesign CC တို့နဲ့လည်း တွဲဖက်ပြီး အကောင်းဆုံး လုပ်ဆောင်နိုင် ပါသေးတယ်။

Download Photoshop Comp CC Here


From : Digital Times

Originally published at - http://digitaltimes.com.mm/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: