တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 8, 2016

Redmi 4A၊ Redmi 4 Standard နှင့် Redmi 4 Prime စမတ်ဖုန်းများ ရှောင်မီ မိတ်ဆက်




လပေါင်း များစွာကြာ ကောလာဟလ သတင်းများ ထွက်ပေါ်ပြီး နောက် ရှောင်မီ ကုမ္ပဏီက Redmi 4 စမတ်ဖုန်း အသစ်သုံးမျိုးကို တရားဝင် မိတ်ဆက် ခဲ့သည်။

Remi 4A သည် ယင်းဖုန်း သုံးမျိုး အနက် ဈေး အသက်သာ ဆုံးဖြစ်ပြီး အခြားနှစ်မျိုးနှင့် အ နည်းငယ် ကွာခြားပုံ ရသည်။ ယင်း Remi 4A ၏ မျက်နှာပြင် အကျယ် သည် ငါးလက်မ ရှိပြီး Snap-dragon 425 နှင့် Quad-core 1.4 GHz Cortex A53 ပရိုဆက် ဆာကို သုံးထားသည်။

RAM မှတ် ဉာဏ် 2 GB ရှိပြီး ကျောဘက် ဘယ်ဘက်ထောင့်တွင် 13 MP ရှိသော ကင်မရာနှင့်အတူ LED ဖလက်ရှ်မီး ပါဝင်သည်။

ရှေ့ဆယ်လ်ဖီကင်မရာမှာ 5 MP ရှိပြီး Remi 4A တွင် လက် ဗွေရာ အာရုံခံစနစ် ပါဝင်ခြင်းမရှိ ပေ။

4A တွင် သိုလှောင်သိမ်း ဆည်းနိုင်မှုပမာဏ 16 GBရှိပြီး ဆင်းမ်ကတ်နှစ်ခုထည့်ရန် နေရာ ပါဝင်သည်။ 3120 mAh ဘက် ထရီကို သုံးထားပြီး Operating System မှာ Android Marshm-allow အမျိုးအစားဖြစ်သည်။

အရောင်များအဖြစ် ရွှေရောင်နှင့် ရွှေနှင်းဆီရောင်နှစ်မျိုးတည်းသာ ၀ယ်ယူနိုင်ကာ နိုဝင်ဘာ ၁၁ ရက်ကစ၍ တရုတ်နိုင်ငံတွင် ကန်ဒေါ်လာ ၇၄ (၄၉၉ ယွမ်)ဖြင့် စတင်ဝယ်ယူနိုင်သည်။

Remi 4 ရိုးရိုးစမတ်ဖုန်း၏ မျက်နှာပြင်သည် ငါးလက်မရှိပြီး Octa-core 1.4 GHz Cortex- A53 ပရိုဆက်ဆာကို သုံးထားကာSnapdragon 430 ချိပ်စ်ကို အ သုံးပြုထားသည်။

RAM မှတ်ဉာဏ် 2 gigs ရှိ ပြီး GPV505 ပါဝင်သည်။ ကျော ဘက်အလယ်တွင် 13 MP ကင်မ ရာတစ်လုံးပါဝင်ပြီး LED မီးနှစ် လုံးပါဝင်သည်။ ဆယ်လ်ဖီကင်မရာ မှာ 5 MP ရှိပြီး 4A ဖုန်းနှင့် အတူတူပင်ဖြစ်သည်။

ယင်းဖုန်းတွင် လက်ဗွေရာအာရုံခံစနစ်ကို အဓိကကင်မရာ၏ အောက်ကျောဘက်၌ ထည့်သွင်း ထားသည်။

ဆင်းမ်ကတ်နှစ်ခုထည့်ရန် နေရာပါဝင်ကာ အတွင်းပိုင်းသို လှောင် သိမ်းဆည်းနိုင်သည့် ပမာဏ 16 GB ရှိသည်။ ယင်းဖုန်းများကို ကြိုတင်မှာယူသော စနစ်ဖြင့် ရောင်းချပေး ထားပြီးဖြစ်ကာ နိုဝင်ဘာ ၇ ရက်တွင် စတင်ရောင်းချမည်ဖြစ်သည်။

အရောင်များအ နေဖြင့် ရွှေရောင်၊ငွေရောင် (သို့မ ဟုတ်) မီးခိုးရောင်များဖြစ်ပြီး ကန် ဒေါ်လာ ၁၀၄ (၆၉၉ ယွမ်) ကျသင့်သည်။

Remi 4 Prime ဖုန်းသည် Remi 4 ရိုးရိုးဖုန်းနှင့်တူသော် လည်း သိုလှောင် သိမ်းဆည်းနိုင်မှု ပမာဏ ပိုများကာ 32 GB အထိ ရှိပြီး RAM မှတ်ဉာဏ် 3 GBရှိ သည်။

မျက်နှာပြင် အကျယ် ငါး လက်မ ရှိပြီး Octa-core 2.0 GHzCortex-A53 ပရိုဆက်ဆာကို သုံးထားသည်။

နောက် ကင်မရာဘေးတွင် LED ဖလက်ရှ် မီးနှစ်ခု ပါဝင်ပြီး ကျန်အစိတ် အပိုင်းများမှာ Remi 4 ရိုးရိုးနှင့် တူညီသည်။

ယင်းဖုန်း၏ တန်ဖိုးမှာ ကန် ဒေါ်လာ ၁၃၃ ဒေါ်လာ (၈၉၉ ယွမ်) ကျသင့်ပြီး နိုဝင်ဘာ ၇ ရက် တွင် စတင်ဝယ်ယူနိုင်မည်ဖြစ် သည်။

—Ref:GSM Arena

From: 7 day daily

Originally published at - http://www.7daydaily.com/story/80397

No comments: