![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI0kS5jgGiistoq4i39NzfVWGQf6fH0YEtH1j2CHqqEXV5ZfIbtLqq14Rq1RC29g-OrDPz_JKj4cMgb0fAkC_JrUkLOxS9ZSr5VVDIQjp5xbIjiB2c5Nks-ZsZU7sQoBUuYTlgaDMoGBI/s1600/Guide_0.jpg)
Microsoft EDGE Browser ကို အသုံးပြု သူများ အနေနဲ့ Browser အတွင်းမှာ ရှိတဲ့ Browsing History, Website Data တွေနဲ့ Cookie တွေကို ဖယ်ရှား ရှင်းလင်း ချင်တယ်ဆို ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်၍ Reset ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ပထမဆုံး Microsoft EDGE Browser ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် ညာဘက်ထောင့် အပေါ်နားမှာ ရှိတဲ့ ကန့်လန့်ဖြတ် အစက်လေး သုံးစက်နဲ့ ခလုတ်ကို နှိပ် ပြီး Settings ကို ရွေးချယ် ပေးရမှာ ဖြစ်ပါတယ်။
Settings ထဲကို ရောက်ပြီဆိုရင် Choose what to clear ဆိုတာကို နှိပ်လိုက်ပါ။ အဆိုပါ ခလုတ်ကိုနှိပ်လိုက်ရင် ကိုယ်ဖျက်မယ့် အပိုင်းတွေကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Browser History တွေနဲ့ Cookie တွေကို ဖျက်ချင်တယ်ဆိုရင် သက်ဆိုင်ရာ နေရာတွေမှာ အမှန်ခြစ်ပေးပြီး Browser ထဲမှာ သိမ်းထားတဲ့ password တွေကို ဖျက်ချင်တယ်ဆိုရင် Password ဆိုတဲ့နေရာမှာ အမှန်ခြစ် ထည့်ပေးရပါမယ်။
ကိုယ်ရှင်းချင်တာတွေကို အမှန်ခြစ်ထည့်ပြီး ရွေးချယ်ပြီးပြီဆိုရင် Clear ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းကတော့ Microsoft EDGE Browser ကို အလွယ်တကူနဲ့ Reset ပြုလုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။
From : .Internet Journal - By: သီဟ
Originally published at - http://www.internetjournal.media/how-to/8683
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYinHXVTSAOWL36Iv6MCchrLSWjXFay0G-qHgweBwImQylFFEDG2dXkEIGFw9-gbx4-jv8HtE_s3_7aJSs1kz0H7kplSzg8macx4jFIXU71sqgdSWOGDm5LRyPBz5fQvkFcErbIxPhH-mJ/s1600/Thanks-2.gif)
No comments: