တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 18, 2016

Windows 10 တွင် Program များကို Keyboard Shortcut ဖြင့် ဖွင့်ခြင်း




တစ်ခါ တလေ မိမိအ သုံးပြု နေကျ app တွေကို အသုံးပြုတဲ့ အခါမှာ Windows 10 ပေါ်ကနေ Program file တွေကို လိုက်လံ ရှာဖွေ ပြီး ဖွင့်စ မလို တော့ပါဘူး။

Windows 10 ပေါ်ကနေ ကိုယ်အသုံးပြုနေကျ application တွေကို Keyboard ပေါ်ကနေ Shortcut နဲ့ ဖွင့်နိုင်ဖို့အတွက် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

ကိုယ်ဖွင့်ချင်တဲ့ application ဟာ Start Menu မှာ Pin တွဲထားတယ်ဆိုရင် Start Menu ကို နှိပ်ပါ။ ပြီးရင် ကိုယ်အသုံးပြုချင်တဲ့ ဆော့ဖ်ဝဲကို Right-click နှိပ်ပြီး More > Open file Location ဆိုတာကို ရွေးချယ်ပေးရပါမယ်။

Open file location ကိုရွေးချယ်လိုက်ရင် အဆိုပါ ဆော့ဖ်ဝဲရှိတဲ့ နေရာကို ဖော်ပြပါလိမ့်မယ်။ ဆော့ဖ်ဝဲကို Right-click နှိပ်ပြီး Properties ကိုရွေးချယ်ရမှာဖြစ်ပါတယ်။

နောက်တစ်ဆင့်ကတော့ Pro-perties box ကျလာရင် Shortcut ဆိုတဲ့ နေရာမှာ ကိုယ်အသုံးပြုချင်တဲ့ shortcut key ကို သတ်မှတ်ရပါမယ်။ သတ်မှတ်ရတဲ့ key ပုံစံက Ctrl + Alt +(key) ဖြစ်ပါတယ်။

ပြီးရင် Apply button ကို နှိပ်လိုက်ရင် Access Denied ဆိုတဲ့ Pop up တက်လာပါလိမ့်မယ်။ ဆက်သွားပါ။ အဆိုပါ လုပ်ငန်းစဉ်ကနေ Ok နှိပ်ပြီး ထွက်လိုက်ရင် Program တွေကို Keyboard Shortcut နဲ့ ဖွင့်နိုင်အောင် ပြုလုပ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်ပါတယ်။

From : .Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/8334



No comments: