တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 18, 2016

Recent Document များကို ဘယ်လို ဖယ်ရှားမလဲ




Windows 10 တွင် Microsoft Word ကိုဖွင့်၍ အသုံးပြုသည့် အခါ Recent Document များကို အမြဲ ဖော်ပြ ပေးနေ တတ်ပါတယ်။ Recent Document တွေကို မဖော်ပြ စေချင်ရင် အောက်ပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Recent Document များကို မဖော်ပြ စေချင်တဲ့ အခါမှာ Group Policy ကနေ ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။

Group Policy ကို အသုံးပြုဖို့အတွက် Win + R key ကို နှိပ်ပြီး Run box ကိုခေါ်ပါ။ Run box ပေါ်လာရင် gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့် ရပါမယ်။

အဆိုပါ command ကို ရိုက်ထည့်ပြီးပြီဆိုရင် Group Policy Editor တက်လာပါလိမ့်မယ်။ Group Policy ထဲကိုရောက်ပြီဆိုရင် User Configuration > Start Menu and Taskbar ဆိုတဲ့လမ်းကြောင်း အတိုင်း သွားရပါမယ်။ Start Menu and Taskbar အောက်မှာမှ Clear history of recently opened documents on exit ဆိုတာကို select ပြုလုပ် လိုက်ပါ။

Select ပြုလုပ်ပြီးသွားရင် double click နှိပ်ပြီး Enable ဆိုတာကိုရွေးချယ်ပေးရပါမယ်။ အဆိုပါ အဆင့်တွေပြီးသွားရင် Group Policy ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် Microsoft Word ကို အ သုံးပြုပြီး ထွက်လိုက်တဲ့ အချိန်မှာ ကျန်ခဲ့တဲ့ Recent document တွေကို ရှင်းလင်းတဲ့ လုပ်ငန်းစဉ် ပြီးပြီ ဖြစ်ပါတယ်။

Ref: howtogeek

From : .Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/8692



No comments: