တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 18, 2016

Windows 10 User Account ကို Login Screen တွင် ဝှက်ထားခြင်း




Windows 10 သုံးစွဲ ထားတဲ့ ကွန်ပျူတာ တစ်လုံးမှာ User Account တစ်ခု ထက်မက ပိုမို အသုံးပြု ထားတယ် ဆိုရင် Windows 10 ရဲ့ Login Screen မှာ User Account တွေကို ဝှက်ထား နိုင်မှာ ဖြစ်ပါတယ်။

Windows 10 Login Screen ကနေ User account တွေကို ဝှက်ထားဖို့ အတွက် ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

User account တွေကို ဝှက်ထားဖို့ အတွက် Registry Editor ကနေ ပြင်ဆင် ရမှာ ဖြစ်ပါတယ်။ Registry editor ကနေ မပြင်ဆင် ခင်မှာ User account တွေကို စစ်ကြည့်ဖို့ အတွက် Win + R key နှိပ်ပြီး Run box ကိုခေါ်ပါ။

Run box ထဲမှာ netplwiz ဆိုတဲ့ command နဲ့ Ok ကို နှိပ်ရမှာ ဖြစ်ပါတယ်။


ဒါဆိုရင် ကွန်ပျူတာ ထဲမှာ တည်ဆောက် ထားတဲ့ User account များကို တွေ့ရ ပါမယ်။ ကိုယ် Hide ပြုလုပ်ချင်တဲ့ အကောင့် နာမည် တွေကို စာရင်းနဲ့ သေချာ မှတ်ထားပါ။


နောက်တစ်ဆင့်ကတော့ Registry Editor ကို အသုံးပြုပြီး Login Screen က User account တွေကို ဝှက်ထားမှာဖြစ်တဲ့အတွက် Registry Editor ကို ဖွင့်ရပါမယ်။ Run box မှာ regedit ဆိုတဲ့ command ကို ရိုက်ထည့်လိုက်ပါ။


Registry Editor တက်လာပြီဆိုရင် HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။ Winlogin ဆိုတဲ့နေရာ ကိုရောက်ပြီဆိုရင် Right-click နှိပ်ပြီး New > Key ဆိုတာကို ရွေးချယ်ပေးရပါမယ်။


ပြီးသွားရင် အဆိုပါ key နာမည်ကို SpecialAccounts ဆိုတဲ့ အမည်ပေးလိုက်ပါ။

နာမည်ပေးပြီးသွားပြီဆိုရင် SpecialAccounts ဆိုတဲ့ key ကို select ပြုလုပ်ပြီး Right-click နှိပ်ကာ New > Key ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ ပြီးသွားရင် UserList ဆိုတဲ့ နာမည်ကိုပေးရပါမယ်။


UserList key file ကို Select မှတ်ပြီး Right-click ထပ်မံ နှိပ်ရပါမယ်။ ပြီးသွားရင် New > DWORD (32-bit) Value ဆိုတာကို ရွေးချယ်ပေးရပါမယ်။


အဆိုပါအဆင့်တွေပြီးသွားပြီ ဆိုရင် DWORD ဖိုင်ကို Double-click နှိပ်ပြီး ကိုယ်ဝှက်ထားချင်တဲ့ Windows 10 မှာအသုံးပြုတဲ့ အကောင့်နာမည်ကို ထည့်သွင်းပေးရပါမယ်။ Account ကို ထည့်သွင်းပြီးပြီဆိုရင် Value data မှာ 0 (Zero) ထားပေးရပါမယ်။ ပြီးရင် Ok button ကို နှိပ်ပြီး save ပြုလုပ်ရပါမယ်။


အထက်မှာ ဖော်ပြထားတဲ့ အဆင့်တွေ ပြီးပြီ ဆိုရင် Windows 10 Login Screen က User account တွေကို ဝှက်ထားတဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါတယ်။

Ref:maketecheasier

From : .Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/8486



No comments: