
MPTမှ ကမ္ဘောဇ ဘဏ်နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ကမ္ဘောဇ ဘဏ်ခွဲများတွင် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ စတင်ကာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇ ဘဏ်ခွဲပေါင်း ၅၀ တွင် သွားရောက် မှတ်ပုံတင်နိုင်မည် ဖြစ်ပြီး လာရောက် မှတ်ပုံတင် သူများကို ကမ္ဘောဇဘဏ်မှ အခမဲ့ အစီ အစဉ်များ ပြန်လည် ပေးအပ် သွားမည်ဖြစ်ကြောင်း၊ သတ်မှတ် ထားသော ဘဏ်ခွဲများတွင် ၎င်းတို့၏ MPT ဆင်းမ်ကတ် များကို မှတ်ပုံ တင်ရင်း KBZ internet banking စနစ်ကို အခမဲ့ ရယူနိုင် မည် ဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ် စာရင်း မရှိသေး သူများ အတွက်လည်း ကမ္ဘောဇ ဘဏ်တွင် ၁,၀၀၀ ကျပ် ကြိုတင် ငွေဖြည့် သွင်းထားသည့် ငွေစုဘဏ် စာရင်း အသစ် တစ်ခု အခမဲ့ ဖွင့်လှစ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
From : Internet Journal - By: ထွန်းထွန်း
Originally published at - http://www.internetjournal.media/news/9007

No comments: