တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 12, 2016

၅ လက်မ screen နှင့် HD resolution ဖြင့် သုံးနိုင်မည့် Gionee P7




ပြီးခဲ့သည့်လက အိန္ဒိယတွင် Gionee P7 Max ကို စတင်ရောင်းချခဲ့သော တရုတ် စမတ်ဖုန်း ကုမ္ပဏီ Gionee သည် ယခုအခါ P7 သစ်ကို ပွဲထုတ် မိတ်ဆက် ခဲ့သည်။

P7 တွင် HD resolution ထောက်ပံ့ ပေးနိုင်သော ၅ လက်မ display နှင့် Gorilla Glass ကဲ့သို့ လူသိ များခြင်း မရှိသော Soda Lime glass ကို အသုံးပြု ထားသည်။

၎င်းတွင် အမည် မဖော်ပြသော 1.3GHz quad-core processor ကို အသုံးပြု ထားသည်။ RAM က 2GB ဖြစ်ပြီး သိုလှောင်မှု ပမာဏ 16GB ဖြစ်သည်။ MicroSD card slot ပါဝင်သောကြောင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သည်။


ကျောဘက် ကင်မရာ 8MP ဖြစ်ပြီး LED flash ဖြင့် ရိုက်ကူးနိုင်သည်။ အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။ အခြား feature များအနေဖြင့် 4G ချိတ်ဆက်မှုနှင့် VoLTE အထောက်အပံ့ ပါဝင်ပြီး Wi-Fi b/g/n, Bluetooth 4.0 နှင့် GPS ဖြင့် သုံးနိုင်သည်။

ဘက်ထရီက 2,300mAh ဖြစ်ပြီး Android 6 Marshmallow နှင့် Amigo 3.2 ဖြင့် အသုံးပြုနိုင်သည်။

Gionee P7 ကို အဖြူရောင်၊ ရွှေရောင်နှင့် မီးခိုးရောင်တို့ဖြင့် ရရှိနိုင်ပြီး တန်ဖိုး ၉,၉၉၉ ရူပီး (ဒေါ်လာ ၁၅၀ ဝန်းကျင်) ဖြစ်သည်။

Ref: GSMArena

From : Internet Journal - By: နောင်နောင်

Originally published at - http://www.internetjournal.media/news/9007


No comments: