တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 20, 2016

Facebook Messenger မှာ Friends များ Add နည်း ၃ နည်း




Facebook Messenger မှာ သင့်ရဲ့ Facebook သူငယ်ချင်းများ အားလုံးနဲ့ စကားပြော နိုင်ပါတယ်။

ဒါ့အပြင် Facebook မသုံးတဲ့ လူများနဲ့ပါ စကားပြောနိုင်တဲ့ စွမ်းဆောင်ချက်ကို Facebook က ထည့်သွင်းပေး ထားပါတယ်။

Messenger မှာ သူငယ်ချင်းများ Add နည်း အနည်းငယ် ရှိပါတယ်။ သင့် Phone Contact မှ လူများကိုလည်း Messenger မှာ Add နိုင်သလို၊ ဖုန်းနံပါတ်ဖြင့် သူငယ်ချင်း ရှာဖွေခြင်း၊ Messenger Scan Code ဖြင့် ဆက်သွယ် စကားပြောခြင်း များကိုလည်း ပြုလုပ်နိုင် ပါတယ်။

Phone Contact မှ လူများအား Add ခြင်း

Messenger ရဲ့ ညာဘက်အပေါ်ထောင့်စွန်းမှ People Tab ထဲသွားပါ။ People ထဲထပ်သွားပါ။ Sync Contacts ကို On ပေးပါ။ ဒါဆိုရင် သင့် Phone Contact မှ လူများကို Messenger က အလိုအလျှောက် Add ပေးမှာပါ။



ဖုန်းနံပါတ်ဖြင့် Add ခြင်း

Messenger ရဲ့ အပေါ်ထိပ်မှ အလျားလိုက်မျဉ်းကြောင်း Tab ထဲသွားပါ။ အောက်ခြေမှ Plus Button ကို နှိပ်ပါ။ သူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးပါ။ Messenger က သင့် သူငယ်ချင်းကို ရှာတွေ့သွားရင် ရွေးချယ်ပေးပြီး Add Contact ကို နှိပ်ပါ။



Messenger Scan Code ကို အသုံးပြုခြင်း

Messenger ရဲ့ အပေါ်ထိပ်မှ အလျားလိုက် မျဉ်းကြောင်း Tab ထဲသွားပါ။ Scan Code ကို နှိပ်ပါ။ သင့် သူငယ်ချင်းရဲ့ ဖုန်းကနေ People Tab ထဲ သွားရင် Messenger Scan Code ကို တွေ့ရမှာပါ။ သင့်ဖုန်း ကင်မရာဖြင့် အဲဒီ ကုဒ်ကို ချိန်ပါ။ အိုကေပြီ ဆိုရင် သူငယ်ချင်းနဲ့ Messenger မှာ စကားပြောနိုင်ပါပြီ။



From : Digital Times

Originally published at - http://digitaltimes.com.mm/



No comments: