
ဖေ့စ်ဘုတ် ရဲ့ အခုနောက်ဆုံး လွှင့်ထုတ် လိုက်တဲ့ Tool အရ ဆိုရင် Facebook Video Chat ထဲမှာ လူဦးရေ အယောက် ၅၀ အထိ စကားစမည် ပြောဆိုနိုင်ပြီ ဖြစ်တယ် လို့ TheNextWeb က ရေးသား ဖော်ပြ လိုက်ပါတယ်။
ရပ်ဝေးရောက်နေတဲ့ မိဘဆွေမျိုးတွေ နဲ့ စကားစမည်ပြောချင်လို့ပဲ ဖြစ်ဖြစ် ၊ ရုံးက ၀န်ထမ်းတွေနဲ့ လုပ်ငန်းကိစ္စတိုင်ပင်ချင်လို့ပဲ ဖြစ်ဖြစ် ၊ သူငယ်ချင်းအပေါင်းအသင်းတွေ နဲ့ အတွေ့အကြုံတွေမျှဝေချင် လို့ပဲ ဖြစ်စေ၊ အလွန်အသုံးဝင်တဲ့ Tool တစ်ခုဖြစ်တဲ့အတွက် Blogger တွေနဲ့ Facebooker အများစုက အပြုသဘောနဲ့ ကြိုဆိုကြပါတယ်။
အဲဒီလုပ်ဆောင်ချက်ကို iOS,Android နဲ့ Desktop Version အကုန်လုံးအတွက် လွှင့်ထုတ်လိုက်တာ ဖြစ်ပြီး အရင် က VOIP service တွေကို သီးသီး သန့်သန့် ပြုလုပ်
ပေးနေတဲ့ Viper, Skype နဲ့ တခြား VoIP App သမားတွေ အပြင် အဓိက ပြိုင်ဘက်လည်း ဖြစ်တဲ့ What’s app ရဲ့ ဈေးကွက်ဝေစု ကို မျှယူ လိုက်ပုံရတဲ့ ဒီ Tools အတွက် သီးသီး သန့်သန့် Compoments တွေ မလိုအပ်ပဲ ကိုယ့်ရဲ့ ပြင်ပ HeadPhone တွေကနေတဆင့် ရိုးရိုးရှင်းရှင်း ကလေး လုပ်ဆောင်သွားနိုင်မယ် လို့ သိရပါတယ်။
From : Digital Times
Originally published at - http://digitaltimes.com.mm/

No comments: