
Mozilla Firefox မှာ ကိုယ့်ရဲ့ account password တွေကို သိမ်းဆည်းဖို့ Bookmark တွေကို သိမ်းဆည်းပြီး အခြား computer တစ်လုံးရဲ့ Firefox ပေါ်ကနေ ပြန်လည် အသုံးပြုနိုင်ရန် အတွက် Firefox account ကို အသုံးပြု ပါတယ်။
Firefox account ဟာ browser တစ်ခုကနေ တစ်ခု အပြောင်း အလဲမှာ Sync လုပ်ပြီး ကိုယ့်ရဲ့ အချက် အလက်တွေကို ရယူ အသုံးပြုနိုင် ပါတယ်။ အကယ်၍ ကိုယ့်ရဲ့ အချက် အလက် aတွကို Firefox server ကနေ ပယ်ဖျက် ပစ်ချင်တယ် ဆိုရင် ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Firefox browser ကို ဖွင့်ပါ။ ပြီးရင် ညာဘက်ထောင့်အပေါ်နားမှာရှိတဲ့ Menu ကို နှိပ်ရပါမယ်။

အဆိုပါ Menu ကို နှိပ်ပြီးရင် အောက်ခြေနားမှာ ကိုယ့်ရဲ့ Firefox account ကိုတွေ့ရပါမယ်။ ကလစ်နှိပ်လိုက်ပါ။ Option ထဲက Firefox account ထဲကိုရောက်ရင် Manage account ဆိုတာကို ကလစ်နှိပ်ရပါမယ်။

Manage account ထဲကိုရောက်ရင် Delete account ဆိုတာကိုတွေ့ရပါမယ်။ Delete button ကို နှိပ်လိုက်ပါ။

Account ကို Delete ပြုလုပ်မှာဖြစ်တဲ့အတွက် ကိုယ့်အကောင့်ရဲ့ password ထည့်သွင်းပေးရပါမယ်။

Password ထည့်သွင်းပြီးရင် Delete Account ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်တာနဲ့ Firefox server ကနေ ကိုယ့်ရဲ့ Firefox account ကို ရှင်းလင်းဖယ်ရှားပေးသွားမှာဖြစ်ပါတယ်။
Ref: howtogeek
From : Internet Journal - By: သီဟ
Originally published at - http://www.internetjournal.media/news/9007

No comments: