တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 12, 2016

ကင်မရာနှစ်လုံးပါ စမတ်ဖုန်းကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ Huawei GR5 2017




စမတ်ဖုန်း လောကမှာ ဦးဆောင် နေတဲ့ Huawei ဟာ ဒီဇင်ဘာလ (၂) ရက်နေ့မှာ Huawei GR5 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း Huawei GR5 2017 ကို မိတ်ဆက် ခဲ့ကာ ကြိုတင် မှာယူမှု များကို လက်ခံ ခဲ့ပြီးနောက် ဒီဇင်ဘာလ (၁၀) ရက်နေ့ မှာတော့ အနယ်နယ် အရပ်ရပ်ရှိ Huawei Branded Shop များနဲ့ အရောင်း ကိုယ်စားလှယ် ဖုန်းဆိုင်များမှာ စတင် မိတ်ဆက် ရောင်းချ ခဲ့ပါတယ်။

Huawei GR5 2017 က အရင် ထုတ်လုပ် ခဲ့တဲ့ GR5 2017 ထက် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေး ထားပြီး ကျောဘက်မှာ အဆင့်မြင့် Dual Camera ကို တပ်ဆင်ပေး ထားတာကြောင့် သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ အဆင့်မြင့် လုပ်ဆောင် ချက်တွေကို ရရှိမှာ ဖြစ်ပါတယ်။

Huawei GR5 2017 ဟာ Huawei ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းဖြစ်ပြီး ဈေးမြင့် စမတ်ဖုန်းများမှာသာ ပါလေ့ရှိတဲ့ ကင်မရာ (၂)လုံး၊ နည်းပညာမြင့် လုပ်ဆောင်ချက်နဲ့ သင့်တင့်တဲ့ဈေးနှုန်းတို့ကြောင့် ဈေးကွက်မှာ ရေးပန်းစားပြီး လူကြိုက်များ ခေတ်စားလျက်ရှိပါတယ်။

Huawei GR5 2017 ကို ၂၈၉,၀၀၀ ကျပ်နဲ့ စတင်ရောင်းချခဲ့ပြီး အရောင်အနေဖြင့် ရွှေရောင် (Gold)၊ ငွေရောင် (Silver) နှင့် မီးခိုးရောင် (Grey) တို့ကို ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

၁၀ ရက်နေ့ကစတင်ပြီး ဝယ်ယူသူများအနေနဲ့ အရည်အသွေးမြင့်ကျောပိုးအိတ်နဲ့ 32GB SD ကတ် တို့ကို ရရှိမှာ ဖြစ်ပါတယ်။ Huawei GR5 2017 စတင်ရောင်းချပွဲကို ရန်ကုန်မြို့ ဖုန်းဆိုင် (၁၀) ဆိုင်မှာ ဖျော်ဖြေရေး အစီအစဉ်များ၊ ဂိမ်းအစီ အစဉ်များနဲ့ ကျင်းပပြုလုပ် ခဲ့ကာ ဝယ်ယူ အားပေးသူများနဲ့ တခဲနက် စည်ကား ခဲ့ပါတယ်။

ခေတ်ဆန်လှပပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဒီစမတ်ဖုန်းကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ နည်းပညာမြင့်ဖုန်းတွေကို ရှာဖွေနေတဲ့ နည်းပညာလိုက်စားသူတွေအတွက် ထုတ်လုပ် ထားတာဖြစ်ပါတယ်။

သူ့အရင်ထွက်ခဲ့တဲ့ Huawei GR5 လိုပဲ ဈေးအကြီးဆုံးဆိုတဲ့ ဟန်းဆက်တွေကိုတောင် ယှဉ်ပြိုင်နိုင်တဲ့ အဆင့်မြင့် ဒီဇိုင်းနဲ့ နောက်ဆုံးပေါ်နည်းပညာတွေ ပါဝင်နေ ပါတယ်။

ဒါပေမဲ့လည်း Huawei GR5 2017 ဖုန်းသစ်ဟာ ယခင်ထုတ်လုပ်ခဲ့တဲ့ ဖုန်းတွေထက်ကို အံ့အားသင့်စရာကောင်းလောက်အောင် ဆင့်ကဲပြောင်းလဲထားပြီး စမတ်ဖုန်း
ဈေးကွက်ထဲမှာ လူတိုင်း ဝယ်ယူနိုင်တဲ့ ကင်မရာနှစ်ခု ပါဝင်တဲ့ အဆင့်မြင့်ဖုန်း တစ်လုံး အဖြစ် ပထမဆုံး ထွက်ပေါ်လာတဲ့ စမတ်ဖုန်း အမျိုးအစားဖြစ်ပြီး လျင်မြန်တဲ့ စွမ်းဆောင်ရည် တာရှည်ခံတဲ့ ဘက်ထရီတို့ ပါဝင်မှာ ဖြစ်ပါတယ်။

Huawei ဟာ ကင်မရာနှစ်ခုနဲ့ မြင့်မားတဲ့ အသေးစိတ် အချက်အလက် ပါဝင်တဲ့ Huawei GR5 2017 ကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ထွက်ပေါ် လာစေခြင်းဖြင့် စမတ်ဖုန်း လုပ်ငန်းကို ဦးဆောင် နေပါတယ်။

ဘတ်ဂျက် စမတ်ဖုန်းကို အနောက် ကင်မရာနှစ်ခု တပ်ဆင် ထားပြီး Huawei က လူတိုင်းကို အနောက် ကင်မရာနှစ်ခုပါ စမတ်ဖုန်းရဲ့ professional ဆန်ဆန် ဓာတ်ပုံ ရိုက်နိုင် စွမ်းအားကို ခံစားနိုင်အောင် ပြုလုပ်ပေး ထားပါတယ်။

Huawei GR5 2017 ရဲ့ 12MP နဲ့ 2MP အနောက်ကင်မရာများနဲ့ ၀.၃ စက္ကန့်အတွင်း autofocus ပြုလုပ်နိုင်စေပြီး အသုံးပြုသူတွေကို ကိုယ်ရိုက်လိုသော အရာဝတ္ထု ကိုသာ ထင်းစေပြီး နောက်ခံကို မှုန်ဝါးစေတဲ့ လုပ်ဆောင်ချက် ပါဝင်တဲ့ လှပတဲ့ Bokeh effects တွေနဲ့ အလှဓါတ်ပုံတွေ၊ မှန်ဘီလူး တစ်ခုတည်းနဲ့ မရနိုင်တဲ့ ရိုက်ချက်တွေကို ဖန်တီးပေးနိုင်ပါတယ်။

အဲ့ဒီအတွက် Huawei GR5 2017 မှာ အလင်းရောင်နည်းတဲ့ အခြေအနေတွေမှာ ပိုမိုပြတ်သားမှုရရှိစေဖို့အတွက် 1.25um ရှိ ကြီးမားတဲ့ အစက်အပြောက်များ၊
ပြတ်သား ထင်ရှားတဲ့ ဓါတ်ပုံတွေကို ချက်ချင်း ရရှိစေဖို့ မြန်သထက်မြန်တဲ့ လျှပ်တပြက်ရိုက်ချက်၊ manual စနစ်နဲ့ အလိုအလျောက်စနစ်များ၊ များပြားစွာ ပါဝင်ခြင်း တို့ကြောင့် အိပ်ကပ်ထဲမှာ ထည့်ထားနိုင်တဲ့ ဖုန်းက professional DSLR ကင်မရာ ရဲ့ စွမ်းဆောင်ရည် အားလုံးကို ပေးစွမ်းနို င်ပါတယ်။

Model Huawei GR5 2017
System Android 6.0 + Huawei EMUI 4.1
Fingerprint Fingerprint 3.0
Processor Model  4 x 2.1GHz + 4 x 1.7GHz
Support Network 4G/3G/2G
Screen Size 5.5” FHD
Screen Resolution 1920×1080
Rear Cameras Dual Cameras, 12MP + 2MP
Front Camera 8MP
Battery Capacity 3340mAh large battery with Intelligent Power Saving Technology
Memory 3GB RAM + 32GB ROM, up to 128GB MicroSD card
Color Gold, Silver, Grey
Size 150.9mm x 76.2mm x 8.2 mm
Sensor i5 Coprocessor Sensor Hub Technology
Market Launch 2nd Dec 2016
Price 289,000 Ks



From : Myanmar Digital Life - By Nyi Nyi

Originally published at - http://www.blog.myanmardigitallife.com

No comments: