တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 12, 2016

Windows 10 တွင် PIN နံပါတ် ထည့်သွင်း နိုင်ရန်အတွက် ပြုလုပ်ခြင်း




Windows 10 သုံးစွဲ သူများ အနေနဲ့ User Login နေရာမှာ ပုံမှန် ထည့်သွင်း နေကျ Password ကို ထည့်သွင်း အသုံးမပြုချင်တဲ့ အခါမျိုးမှာ PIN Number တွေကို ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

PIN Number တွေကို ထည့်သွင်း အသုံးပြု ချင်တယ် ဆိုရင် Group Policy ကနေ Login မှာ အသုံးပြုနိုင်ဖို့ အတွက် PIN Login ကို Enable ပြုလုပ်ပေး ရပါမယ်။

PIN Login ကို Enable ပြုလုပ်ဖို့ အတွက် Group Policy ကို အသုံးပြုပေး ရပါမယ်။ Win + R Key ကို နှိပ်ပြီး Run box ကိုခေါ်ယူ ရပါမယ်။ ပြီးသွားရင် gpedit.msc ဆိုတဲ့ command ကိုရိုက်ထည့်လိုက်ပါ။


နောက်တစ်ဆင့်ကတော့ Group Policy ထဲကိုရောက်ပြီဆိုရင် Computer Configuration -> Administrative Templates -> Windows Components -> Windows Hello for Business -> PIN Complexity ဆိုတဲ့ လမ်းကြောင်းအတိုင်းသွားရပါမယ်။


  • PIN Complexity အောက်မှာ Minimum PIN Length ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။
  • ပြီးသွားရင် Double-click နှိပ်ပြီး Enable ကိုရွေးချယ်ပေးလိုက်ပါ။
  • Minimum PIN Length နေရာမှာ အနည်းဆုံးထည့်သွင်းမယ့် ဂဏန်းအလုံးရေကို သတ်မှတ်ပေး ရပါမယ်။
  • ဂဏန်း ၆ လုံးလောက် အသုံးပြုမှာဖြစ်တဲ့ အတွက် 6 လို့ ရိုက်ထည့်ပေးရပါမယ်။


Minimum PIN Length ကို ထည့်သွင်း ပြီးရင် Expiration နဲ့ Require Special Characters တွေကိုလည်း Enable ပြုလုပ်ပေး ထားရပါမယ်။


အဆိုပါ အဆင့်တွေ ပြီးရင် Run box မှာ gpupdate.exe /force ဆိုတဲ့ command ကို ရိုက်ထည့် ရပါမယ်။ ဒါဆိုရင် PIN Login ကို အသုံးပြုရန် အတွက် Enable ပြုလုပ်ပြီးပြီ ဖြစ်ပါတယ်။

Ref: maketecheasier

From : Internet Journal - By : သီဟ

Originally published at - http://www.internetjournal.media/how-to/8632

No comments: