
Windows 7/8/10 သုံးစွဲသူများ အတွက် Windows Key ဟာ အသုံးဝင်တဲ့ key တစ်ခု ဖြစ်ပါတယ်။ အချို့သော command တွေကို အသုံးပြုဖို့ အတွက် windows key ဟာ အသုံးဝင်တဲ့ key တစ်ခု ဖြစ်ပေမယ့် အဆိုပါ function ကို အသုံးမပြုချင် တဲ့သူ အချို့ အတွက် win key function ကို registry editor ကနေ disable ပြုလုပ်နိုင်မှာ ဖြစ် ပါတယ်။
Registry ကနေ win key ကို disable ပြုလုပ်ဖို့ အတွက် ဆိုရင် start menu button ကို နှိပ်လိုက်ပါ၊ regedit ဆိုတဲ့ command ကို ရိုက်ထည့် ရပါမယ်။ Registry editor ထဲကိုရောက်ပြီ ဆိုရင် HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\Policies\Explorer ဆိုတဲ့ လမ်းကြောင်း အတိုင်းသွား ရပါမယ်။
Explorer အောက်ကို ရောက်ပြီ ဆိုရင် ညာဘက် အခြမ်းမှာ Right-click နှိပ်ပြီး New > DWORD (32-bit) Value ဆိုတာကိုရွေးချယ် ပေးရပါမယ်။ အဆိုပါ ဖိုင်နာမည်ကို NoWinKeys ဆိုတဲ့ နာမည်ကို ပေးရပါမယ်။
ပြီးသွားရင် Double-click နှိပ်ပြီး Value data နေရာမှာ 1 လို့ထည့်ပေး ထားရပါမယ်။ Ok button ကို နှိပ်ပြီး Registry editor ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် win key ဟာ အလုပ် လုပ်ဆောင်တော့မှာ မဟုတ်ပါဘူး။
Ref: howtogeek
From : Internet Journal - By: သီဟ
Originally published at - http://www.internetjournal.media/how-to/8980










 
 
 
No comments: