တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 12, 2016

Web Browser မှ Private Data များကို အလိုအလျောက် ရှင်းလင်းရန် ပြုလုပ်ခြင်း




အင်တာနက် သုံးစွဲတဲ့ အခါမှာ အသုံးပြုတဲ့ Web browser တွေဖြစ်တဲ့ Chrome, Firefox, Microsoft EDGE Browser, Opera အစရှိ တာတွေမှာ ကိုယ်ရှာဖွေ အသုံးပြု ထားတဲ့ Private data တွေကို browser ပိတ်တဲ့ အချိန်မှာ အလို အလျောက် တစ်ခါတည်း ရှင်းလင်း သွားစေ ချင်တယ်ဆို ရင် ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင် မှာ ဖြစ်ပါတယ်။



Google Chrome ကနေ Private Data တွေကို အလိုအလျောက် ရှင်းလင်းဖို့အတွက်ဆိုရင် Chrome Menu ရဲ့ Settings ကိုရွေးချယ်ပါ။



Settings အောက်ကို ရောက်ပြီဆိုရင် Show advanced settings ဆိုတာကို နှိပ်ရပါမယ်။



နောက်တစ်ဆင့်ကတော့ Privacy section ထဲက Content settings ဆိုတဲ့ခလုတ်ကို နှိပ်ပေးရပါမယ်။



Content settings အောက်ကို ရောက်ပြီဆိုရင် Cookies section အောက်က Keep local data only until you quit your browser ဆိုတာကို ရွေးချယ်ပေးထားရပါမယ်။ ပြီးရင် Done ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ Chrome browser ကိုပိတ်လိုက်တာနဲ့ Private data တွေကို အလိုအလျောက် ရှင်းလင်းပေးသွား ပါလိမ့်မယ်။



အကယ်၍ Chrome extension ကို အသုံးပြုမယ်ဆိုရင် Click&Clean ဆိုတဲ့ extension ကို http://bit.ly/2h8x89m ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ သွားယူရပါမယ်။ အဆိုပါ extension ကို ထည့်သွင်းပြီးရင် Toolbar မှာ အဆိုပါ Click&Clean icon ကိုတွေ့ရပါလိမ့်မယ်။ နှိပ်လိုက်ပါ။ ပြီးရင် Options ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Options ထဲကို ရောက်သွားပြီဆိုရင် Delete private data when Chrome closes ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး Run Cleaner ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ရင် extension နဲ့ အလိုအလျောက် ရှင်းလင်းတဲ့ နည်းလမ်းပြီးဆုံးပါပြီ။



Mozilla Firefox ကနေ ပြင်ဆင်ဖို့ အတွက်ဆိုရင် Firefox Menu ကိုနှိပ်ပြီး Options ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Options ထဲကို ရောက်ပြီဆိုရင် Privacy ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Privacy အောက်ကမှ History ဆိုတဲ့ section ထဲမှာ Firefox will ဆိုတဲ့ drop down box ကိုနှိပ်ပြီး Use custom settings for history ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။



ရွေးချယ်ပေးပြီးရင် Clear history when Firefox closes ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပေးရပါမယ်။



ပြီးရင် Settings ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး Browsing & Download History ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး Ok ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Firefox browser ကိုပိတ်လိုက်တာနဲ့ ကိုယ့်ရဲ့ privacy data တွေကို browser ပိတ်လိုက်တာနဲ့ ဖယ်ရှားပေးသွား ပါလိမ့်မယ်။



Microsoft EDGE Browser ကနေ data တွေကို ရှင်းလင်းဖို့ အတွက်ဆိုရင် browser ညာဘက်ထောင့် အပေါ်ဘက်နားမှာရှိတဲ့ More ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။



Menu ထဲက Settings ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။



Settings ထဲကမှ Choose what to clear ဆိုတာကို နှိပ်လိုက်ပါ။

အဆိုပါ အဆင့်ပြီးသွားရင် Always clear this when I close the browser ဆိုတဲ့ toggle ဆိုတဲ့နေရာမှာ enable ပြုလုပ်ပေးရပါမယ်။

ဒါဆိုရင် Microsoft EDGE browser မှာ browser ပိတ်လိုက်တာနဲ့ data တွေကို ရှင်းလင်းပေးဖို့လုပ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါတယ်။

Opera အတွက် ပြုလုပ်မယ်ဆိုရင်တော့ Opera Menu ထဲက Settings ဆိုတာကို ရွေးလိုက်ပါ။

Privacy & Security အောက်က Cookie section အောက်မှာ keep local data only until I quit my browser ဆိုတာကို ရွေးချယ်ပေး ထားပါ။

ဒါဆိုရင် Opera browser ကိုပိတ်လိုက်တာနဲ့ privacy data တွေကို တစ်ခါတည်း ဖယ်ရှားပေးလိုက်မှာ ဖြစ်ပါတယ်။

Ref: howtogeek

From : Internet Journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/9000


No comments: