
ရန်ကုန်၊ ဇန်နဝါရီ ၂၂ - ပြည်ပ ခရီး သွားလာမယ့် ခရီးသည်တွေ အနေနဲ့ နိုင်ငံ ရပ်ခြားမှာ အင်တာနက် အသုံးပြုဖို့ အတွက် သွားမယ့် နိုင်ငံကနေ ဖုန်းလိုင်း ဆင်းမ်ကတ်တွေ ဝယ်ရလေ့ ရှိပါတယ်။ ယခုအခါမှာတော့ ယခင်ကလို အချိန်ကုန်ခံ လူ အပင်ပန်းခံ စရာမလိုဘဲ ပြည်တွင်း ကနေပဲ pocket wifi device တွေ ငှားရမ်းတဲ့ နေရာ ရှိနေပြီ ဖြစ်ပါတယ်။
‘ဒီစက်က သူ့ system တော့ ဂျပန်က စက်ပါ၊ ထိုင်ဝမ်ကနေ ကိုယ်စားလှယ် ယူပြီး မြန်မာပြည်မှာ လာဖွင့်တာပေါ့၊ ဒီ စက်ကို နိုင်ငံခြားခရီးသွားလာတဲ့အခါမှာ အသုံးပြုလို့ရအောင်ပါ၊ ဒီစက်တွေဟာ အာရှနိုင်ငံတွေသာမက တစ်ကမıာလုံးက အားလုံးပေါင်း နိုင်ငံ ၁၀၈ နိုင်ငံမှာ အသုံး ပြုလို့ရပါတယ်၊ အဲဒီနိုင်ငံတွေရောက်တဲ့ သူက ဆင်းမ်ကတ်ထည့်စရာမလိုဘူး pocket wifi ပေါ့၊ ဘယ်နိုင်ငံ ရောက် ရောက် ဒီစက်ကသူ့ဘာသာသူအလိုအလျောက် လိုင်းချိတ်ပေးမှာဖြစ်ပါ တယ်”လို့ Jetfi.myanmar မှ မန်နေးဂျင်း ဒါရိုက်တာဦးခင်မောင်က ပြောပါတယ်။
Jetfi ရဲ့ pocket wifi device ဟာ အင်တာနက်စိတ်ကြိုက်အသုံးပြုလို့ရနိုင်သလို ဖိုးဂျီစနစ်လည်းဖြစ်ပါတယ်။ အာရှ မှာ ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ဂျပန်အပါအ ဝင် နိုင်ငံပေါင်း ၂၀ မှာ အသုံးပြုနိုင်ပါတယ်။ အဲဒါအပြင်အမေရိက၊ အင်္ဂလန်၊ ပြင်သစ်၊ ချီလီအပါအဝင် ဥရောပ၊ အမေရိ က၊ အာဖရိကနိုင်ငံတွေမှာလည်း အသုံးပြုလို့ရတယ်လို့ သိရပါတယ်။
‘အဓိကကတော့ မြန်မာတွေ ပြည်ပကို ခရီးသွားလာတဲ့အခါ အင်တာနက် အသုံးပြုဖို့အတွက် ယခင်ကလို ခက်ခက် ခဲခဲ လုပ်စရာမလိုဘဲ ပိုမိုလွယ်ကူ အချိန် ကုန်သက်သာစေဖို့ ငှားရမ်းတာပေါ့၊ တစ်ဦးချင်းလဲ ငှားရမ်းတဲ့သူတွေရှိသလို ခရီးသွားလာရေးလုပ်ငန်းတွေနဲ့လဲ ချိတ်ဆက် ပြီး ငှားရမ်းတာတွေလဲရှိတယ်၊ ပါဝါဘဏ်အနေနဲ့လဲ အသုံးပြုလို့ရနိုင်သလို ထပ်မံ ပြီး ဆင်းမ်ကတ်နှစ်ကတ်အထိ ထပ်တိုးလို့လဲရပါတယ်၊ ပစ္စည်းငှားရမ်းခကတော့ အာရှနိုင်ငံတွေအတွက် တစ်ရက်ကို ရှစ် ဒေါ်လာဖြစ်တယ်၊ ဥရောပ၊ အမေရိကနဲ့ အာဖရိကနိုင်ငံတွေကိုတော့ တစ်ရက် ကို ၁၂ ဒေါ်လာ ကျမယ်˘လို့ Jetfi.myanmar မှ မန်နေဂျာကိုဒေါင်းဟန်က ပြောပါတယ်။
Jetfi ရဲ့ pocket wifi device ကို အင်တာနက်ဆက်သွယ်ရေးပစ္စည်း ငါးခုအထိ ချိတ်ဆက်နိုင်ပါတယ်။
Author အောင်လေး
From : KUMUDRA JOURNAL
Originally published at - http://www.kumudranews.com

No comments: