
အပြင် သွားတဲ့ အခါ ဈေးဝယ် ရှော့ပင်း ထွက်တဲ့ အခါ မိမိရဲ့ ကားကို ပြန်ရှာဖို့ ကားပါကင် ထားတဲ့ နေရာ ပျောက်နေရင် တည်နေရာကို ရှာလို့ ရမှာ ဖြစ်ပါတယ်။ ဖုန်းနဲ့ ချိတ်ဆက် အသုံးပြု ရမှာ ဖြစ်ပါတယ်။
အဲသည် ပစ္စည်းကို ကားပေါ်မှာ တပ်ဆင် ထားရင် ကားပျောက် ရှာနိုင်ပြီး သော့နဲ့ တွဲပြီး တပ်ဆင် ထားရင် သော့ကို ခြေရာ ခံနိုင်မှာ ဖြစ်ပါတယ်။
ဖုန်းထဲက အက်ပ်ကနေ အဲသည် ပစ္စည်းနဲ့ တွဲတပ်ဆင် ထားတဲ့ အရာကို ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။
ကားပါကင် နေရာ အရမ်း ကျယ်ပြီး ရှုပ်တဲ့ နေရာ တွေမှာ ရှာဖွေ နေစရာ မလိုဘဲ ခြေရာခံဖို့ စမတ်ဖုန်း ထဲကနေ ဂျီပီအက်စ်နဲ့ မိမိကား ပါကင် ရှိနေတဲ့ နေရာကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။
သည်ထုတ်ကုန်ကို အမေရိကန်နိုင်ငံကထုတ်လုပ်တာဖြစ်ပြီး Track R လို့ အမည်ပေးထားပါတယ်။
ဘယ်လို အလုပ် လုပ်လဲ
အလုပ် လုပ်ပုံ ကတော့ မိမိရဲ့ စမတ်ဖုန်းထဲမှာ Track R အက်ပ်ကို ဒေါင်းလုပ်ဒ် ဆွဲပြီး အင်စတောလ် လုပ်ရ ပါမယ်။ အက်ပ်နဲ့ ပစ္စည်းနဲ့ကို ချိတ်ဆက် ရမှာ ဖြစ်ပါတယ်။
ချိတ်ဆက်ပြီး ငါးမိနစ်နေရင် အလုပ် လုပ်မှာဖြစ် တယ်။ အိုင်ဖုန်းနဲ့ အန်းဒရွိုက် နှစ်မျိုးလုံးမှာ ချိတ်ဆက် နိုင်ပါတယ်။
အက်ပ်ကို Track R ဝက်ဘ်ဆိုက်မှာဝင်ဒေါင်းလုပ်ဒ်ဆွဲရမှာဖြစ်ပါ တယ်။
နောက်ပြီး ကားထားတဲ့ နေရာပျောက် နေရင်လည်း အဲသည် အက်ပ် ကနေ ဂျီပီအက်စ်နဲ့ တည်နေရာကို အသေးစိတ် ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။
ဈေးနှုန်း အရ ချိတ်ဆက်မယ့် ပစ္စည်းက ၂၉ ဒေါ်လာပဲ ရှိပါတယ်။ အက်ပ်ကိုလည်း အခမဲ့ ရမှာဖြစ်ပါတယ်။
ဝယ်ယူမယ်ဆိုရင် အမေဇုန်အွန်လိုင်းရှော့ပင်းမှာ အကောင့်နဲ့ ဝယ်ယူနိုင် သလို ကုမ္မဏီ ဝက်ဘ်ဆိုက်ဖြစ်တဲ့ http://buy.thetra-ckr.com ကနေ
အော်ဒါမှာပြီး ဝယ်ယူနိုင်ပါတယ်။
From : ကုမုဒြာဂျာနယ် by မေဘယ်လ်
Originally published at - http://www.kumudranews.com

No comments: