တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, January 27, 2017

အန်းဒရွိုက် အမျိုး အစား အတွက် ဒရုန်း လေ့ကျင့်ရေး ဂိမ်း ငါးမျိုး




ရန်ကုန်၊ ဇန်နဝါရီ ၂၄ – အန်းဒရွိုက် အမျိုး အစား အတွက် ဒရုန်း လေ့ကျင့်ရေး ဂိမ်းငါးမျိုး ဖြစ်ပါတယ်။

အပြင်မှာ တကယ် မပျံသန်းခင် လေ့ကျင့်လို့ ရမယ့် အက်ပ်ပုံစံ ဖြစ်ပါတယ်။ ဆင်မြူလေးရှင်း (simula-tion) လို့ ခေါ်ပါ တယ်။ ဆင်မြူလေးရှင်း ဆိုတာ ကတော့ လေ့ကျင့်ဖို့၊ သုတေသန ပြုလုပ်ဖို့ အတွက် ပတ်ဝန်းကျင် အတုမှာ လေ့ကျင့်သလို ဖြစ်ပါတယ်။

Pheonix Model

သည်ဂိမ်းထဲမှာ ဂရပ်ဖစ်အကောင်းစားသုံးထားတာကြောင့် ပတ်ဝန်းကျင်နေရာဒေသတွေကို ဂိမ်း setting ကနေ မိမိကြိုက်နှစ်သက်တဲ့ နောက်ခံပုံ ဖန်တီးနိုင်ပါတယ်။

ဥပမာ လဟာပြင်ဆိုရင် စိမ်းစိုတဲ့ မြက်ခင်း၊ ရှင်းလင်းတဲ့ကောင်းကင်နဲ့ လမ်းအနေအထားတွေကို ကိုယ့်စိတ်ကြိုက်ဖန်တီးနိုင်ပါ တယ်။

ဒါ့အပြင် မိမိပျံသန်းမယ့် ဒရုန်းပုံစံအကြီးအသေးဆိုက်ကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ဂိမ်း level တစ်ခုကစားပြီးတိုင်း အမြင့်ပေတွေ၊ ပျံသန်းမှုတွေက level တက်လေ ခက်လေဖြစ်တာကြောင့် ပရိုအဆင့်အထိ လေ့ကျင့်ကစားနိုင်ပါတယ်။

ဂူးဂဲလ်ပလေးစတိုးမှာ Pheonix Model Flight Simulator ဆိုပြီးဒေါင်းလုပ်ဒ်ရယူနိုင်ပါတယ်။

Heli – X လေ့ကျင့်ရေးဂိမ်း

သူကတော့ ဒရုန်းလေ့ကျင့်ပျံသန်းရေး (simulation)ဂိမ်းထဲမှာ အကောင်းဆုံးနဲ့ အတွေ့အကြုံအများဆုံးဂိမ်းဖြစ်ပါတယ်။

မိမိပျံသန်းမယ့် ဒရုန်းပုံစံနဲ့ပတ်ဝန်းကျင်အတုကို အပြင်ကတကယ့်အစစ်အတိုင်းမြင်နေ ရမှာဖြစ်ပါတယ်။

ဒေါင်းလုပ်ဒ်ဆွဲမယ်ဆိုရင် unzipper.com အခမဲ့ ရယူနိုင်ပါတယ်။

AeroSim RC ဂိမ်း

AeroSim RC ဂိမ်းတွေထဲမှာ နံပါတ်တစ်လေ့ကျင့်ရေးဂိမ်းဖြစ်ပါတယ်။ အော်တို မောင်းနှင်တဲ့ autopilot ဖီးချားလည်း ပါဝင်သလို သရီးဒီ လက်တွေ့ မြင်ကွင်း ရောက်နေ သလို ခံစားနေရမှာ ဖြစ်ပါတယ်။

အခမဲ့မဟုတ်တာကြောင့် ပလေးစတိုးကနေ ဒေါ်လာ ၉၀ နဲ့ဝယ်ယူရမှာဖြစ်ပါတယ်။ ဈေးကြီး သလိုကစားတဲ့အခါ level တက်တိုင်း မိမိရဲ့ပျံသန်းမှုနှုန်းထားအကုန်လုံးကို အသေးစိတ်မှတ်တမ်းတင်ထားမှာဖြစ်ပါ တယ်။

FPV FreeRider ဂိမ်း

သည်လေ့ကျင့်ရေး Simulat-ion ဂိမ်းကတော့ အပျော်တမ်း ကစားနိုင်သလို လေ့ကျင့်ဖို့ အတွက်လည်း ကစားနိုင် ပါတယ်။ အလွယ်ဆုံး မောင်းနှင်တဲ့ အခြေခံ အဆင့်နဲ့ အမြင့်ဆုံး အဆင့်အထိ ကြိုက်ရာ level အဆင့် ကိုရွေးကစား နိုင်ပါတယ်။

နောက်ပြီးကစားဖို့ မြေပုံပါဖော်ပြမှာဖြစ်တဲ့အပြင် ပျံသန်းမှုမှာ မြေကြီးဆွဲငင်အား၊ လေတိုက်မှုနှုန်းထား၊ ကင်မရာရှုထောင့် အနေအထား အမျိုးမျိုးကို ကြိုက်ရာ setting ရွေးချိန်ပြီး လေ့ကျင့် ကစားနိုင် ပါတယ်။

ပလေးစတိုးမှာ FPV FreeRider ဆိုပြီး အခမဲ့ဒေါင်းလုပ်ဒ် ဆွဲနိုင်ပါတယ်။

Aerofly RC 7 ဂိမ်း

သူကတော့ FPV FreeRider ဂိမ်းထွက်ပြီးမှပေါ်လာတဲ့ လေ့ကျင့်ရေးဂိမ်းအသစ် ဖြစ်ပါတယ်။ ကြိုက်နှစ် သက်တဲ့ ဒရုန်းဒီဇိုင်းနဲ့ ဖီးချားတွေကို ရွေးပြီး ကစားနိုင် ပါတယ်။

DJI ဒရုန်းနဲ့ ပျံသန်းမယ် ဆိုရင် ရွေးနိုင်သလို ဂိမ်းကစားရာမှာ မိမိရဲ့ပျံသန်းမှု အရည်အချင်း အပေါ် မူတည်ပြီး rate တွေကို ကြည့်ပြီး အဆင့်မြင့်မြင့် ပျံသန်းနိုင်မယ့် အနေ အထားကိုပါ ဖော်ပြမှာဖြစ်ပါတယ်။

ကစားရမယ့် item ပစ္စည်းတွေကိုလည်း ဂိမ်းထဲကနေ ဝယ်ယူနိုင် ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: