
မိမိ အနေနဲ့ နိုင်ငံ အတွက် ခွင့်မပြု ပေးထားတဲ့ App တွေကို Download လုပ်ချင်တဲ့ အခါမျိုးမှာ VPN ကို သုံးပြီးတော့ အခြား နိုင်ငံတွေက တစ်ဆင့် App နဲ့ ဂိမ်းတွေကို Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါမှမဟုတ် အခမဲ့ Wi-Fi တွေဖြစ်တဲ့ အများသုံး Wi-Fi ကွန်ရက်တွေ ချိတ်ဆက် အသုံးပြုတဲ့ အခါမျိုး တွေမှာ ဖုန်းရဲ့အချက် အလက်တွေ လုံခြုံမှု ရှိဖို့ အတွက်လည်း VPN စနစ်ကို အသုံးပြု ကြပါတယ်။
VPN စနစ်ကို Third-party App တွေနဲ့ အသုံးပြုနိုင် သလို ဖုန်းမှာ Built-in ပါဝင်တဲ့ VPN စနစ် ကိုလည်း အသုံးပြုနိုင် ပါတယ်။ Android ဖုန်းတွေမှာ PPTP နဲ့ L2TP VPN စနစ်တွေကို ထောက်ပံ့ ပေးထားတဲ့ အတွက် Third-party app တွေ သုံးစရာ မလိုဘဲ အသုံးပြု နိုင်ပါတယ်။
ဖုန်းမှာ Built-in ပါဝင်တဲ့ VPN စနစ်ကို သုံးဖို့ အတွက် အရင်ဆုံး Settings စနစ်ထဲကို ၀င်လိုက်ပါ။ အဲဒီထဲ ကမှ Wireless & Networks စနစ်ထဲက More or More Settings ဆိုတဲ့ စာသား ကိုရှာပြီး ထပ်ဝင် ပေးရမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ VPN ဆိုတဲ့ စာ သားကိုရှာပြီး တစ်ချက်နှိပ်ပါ။

VPN စနစ်ထဲရောက်သွားရင် တော့ ( + ) သင်္ကေတလေးကို တစ်ချက်နှိပ်ပါ။ [ တချို့ Android ဖုန်းတွေမှာတော့ Add VPN network ဆိုပြီး မြင်တွေ့ရမှာ ဖြစ်ပါတယ်။]

ပြီးရင်တော့ ကိုယ်ချိတ်ဆက်မယ့် VPN နာမည်နဲ့ Server address တွေကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ User name နဲ့ Password ကို ထည့် သွင်းပေးရမှာ ဖြစ်ပါတယ်။ မိမိ ဖန်တီးထားတဲ့ VPN စနစ်ကို ချိတ်ဆက်တိုင်းမှာ Username နဲ့ Password တွေကို တောင်းနေမှာဖြစ်ပါတယ်။

ဖန်တီးလိုက်တဲ့ VPN စနစ် Activated ဖြစ်တဲ့ အခါ မှာတော့ ဖုန်းမှာ VPN စနစ် Activate ဖြစ်တယ် ဆိုတာကို notification အနေနဲ့ ဖုန်းကနေ အသိပေးမှာ ဖြစ်ပါတယ်။
VPN စနစ်ချိတ် ဆက်မှုကို Disconnect ပြုလုပ် ချင်တယ် ဆိုရင်တော့ Disconnect ဆိုတာကို တစ်ချက်နှိပ်ပြီး အလွယ် တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Android OS v4.2 ကနေစ ပြီးတော့ Google ကနေ Always-on VPN စနစ်ကို ထည့်သွင်းပေး လိုက်ပါတယ်။ အဲဒီစနစ်ကို On ထား လိုက်မယ် ဆိုရင်တော့ ဖုန်းရဲ့အင်တာနက် Data စနစ်ကို VPN စနစ်ကို ကျော်ပြီး အသုံးပြု ခွင့်ပေးမှာ မဟုတ်ပါဘူး။

မိမိ အနေနဲ့အများသုံး Wi-Fi စနစ်ကို အမြဲလို အသုံးပြုတယ် ဆိုရင်တော့ Always-on VPN စနစ်ကို အလွန်ပဲ အသုံးဝင်မှာ ဖြစ်ပါတယ်။

From : Internet Journal By: ရဲထွဋ်ဝင်း
Originally published at - http://www.internetjournal.media/how-to/9520

No comments: