တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 5, 2017

Facebook Messenger မှာ message တွေကို ဘယ်လို block လုပ်မလဲ ?




Facebook Messenger ကနေ ကိုယ်စကား မပြောချင်တဲ့ သူတွေက message ပို့ပြီး အနှောင့် အယှက် ပေးနေ တာကို ကာကွယ် ချင်တယ် ဆိုရင် message တွေကို block ပြုလုပ် ထားနိုင် ပါတယ်။

Message ကို block ပြုလုပ် ထားတဲ့ အခါ ကိုယ့်ရဲ့ friend list ထဲက လူဟာ friend ဖြစ်နေ ပေမယ့် message ကိုတော့ ပေးပို့နိုင် တော့မှာ မဟုတ်ပါဘူး။

Desktop

Facebook messenger ကို block ပြုလုပ်ဖို့ အတွက် ကွန်ပျူတာ ကနေ ဆိုရင် ကိုယ် block ပြုလုပ် ချင်တဲ့ လူရဲ့ Facebook chat box ကို ဖွင့်လိုက်ပါ။ ပြီးရင် Chat box ထဲက စက်သွားပုံနဲ့ options ဆိုတာကို နှိပ်ပြီး Block Messages ဆိုတာကို နှိပ်လိုက်ပါ။

pop-up box တက်လာရင် block messages ဆိုတာကို နှိပ်ပြီး block ပြုလုပ်နိုင် ပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ account ရှိတဲ့ Timeline ဘက်မှာ သူဟာ message box ကို မြင်ရတော့မှာ မဟုတ်သလို အရင် ပို့ထားတဲ့ message တွေကနေ ထပ်ပို့မယ် ဆိုရင်လည်း ပို့နိုင်တော့မှာ မဟုတ်ပါဘူး။



Android

Android phone ပေါ်ကနေ ဆိုရင် message block လုပ်ချင်သူရဲ့ chat box ကို ဖွင့်ပါ။ ညာဘက်ထောင့် အပေါ် နားမှာရှိတဲ့ “ ! ” ကို နှိပ်ပါ။ ပြီးရင် အောက်ဘက်ကို ဆင်းပြီး block ကို ရွေးချယ် ပေးရ ပါမယ်။


iOS

iOS အသုံးပြု သူများ ဆိုရင် chat box ကို ဖွင့်ပြီး user name ဘေးနားက မြှားကို နှိပ်ပါ။ ပြီးရင် block ကို နှိပ်ပြီး block messages toggle ကို enable ပြုလုပ်ပါ။ ဒါဆိုရင် message block ပြုလုပ် ထားသူဟာ Facebook မှာ friend ဖြစ်နေ ပေမယ့်လည်း message ကိုပေးပို့နိုင်မှာ မဟုတ်တော့ပါဘူး။


From : Internet Journal By: ရဲထွဋ်ဝင်း

Originally published at - http://www.internetjournal.media/how-to/9520

No comments: