တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 1, 2017

ဆမ်ဆောင်းက ထုတ်ကုန် သစ်တွေကို လုံခြုံရေး စနစ် တိုးမြှင့်မည်




ရန်ကုန်၊ ဇန်နဝါရီ ၂၈ – ဆမ်ဆောင်း ကုမ္မဏီ အနေနဲ့ ထုတ်ကုန် အသစ် aတွမှာ လုံခြုံရေး စနစ်ကို တိုးမြှင့်မှာ jဖစ်ကြောင်း သိရပါတယ်။

ဆမ်ဆောင်း အီလက် ထရွန်းနစ် စမတ် ဖုန်း Note 7 မီးလောင် aပါက်ကွဲမှု ဖြစ်စဉ်ရဲ့ အဓိက အကြောင်းရင်းနဲ့ ထပ်မံ ဖြစ်ပွားမှု တွေကို ကာကွယ်ဖို့ စီမံ ဆောင်ရွက် ချက်တွေကို ဇန်နဝါရီ ၂၃ ရက်နေ့ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဆမ်ဆောင်း တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြ ထားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကနေ တစ်ဆင့်သိရှိခဲ့ရတဲ့ အချက်အလက်တွေကို အခြေပြုပြီး ဆမ်ဆောင်းကနေထပ်မံထုတ်လုပ်မယ့် ထုတ်ကုန်တွေကို လုံခြုံစိတ်ချရမှု မြှင့်တင်ပေးဖို့အတွက် အဆင့်ဆင့် လုံခြုံစိတ်ချမှု ပိုင်းဆိုင်ရာ တိုင်းတာမှုများ (mul-ti-layer safety measures) နဲ့ 8-point ဘက်ထရီ လုံခြုံစိတ်ချရမှုစစ်ဆေးခြင်း (8-point battery safety check)လိုမျိုး ထပ်မံဖြည့်စွက် ထားတဲ့ လုပ်ထုံး လုပ်စဉ်များဖြစ်တဲ့ ဖုန်းတွင်းပိုင်း ဆိုင်ရာ အရည်အသွေး (internal quality) နဲ့ လုံခြုံစိတ်ချမှုပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို ထပ်မံတိုးချဲ့အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။

အဲသည်ရှင်းလင်းပွဲမှာ ဆမ်ဆောင်းအီလက်ထရွန်းနစ်ရဲ့ President of Mo-bile Communications Business ဖြစ်သူ DJ Koh က စုံစမ်းစစ်ဆေးမှုတွေရဲ့ အသေးစိတ်ရလဒ်တွေကိုမျှဝေခဲ့ပြီးGalaxy Note 7 ဝယ်ယူသုံးစွဲသူတွေ၊ ဖုန်းအော်ပရေတာတွေ၊ အရောင်း ကိုယ်စားလှယ်နဲ့ ဖြန့်ချိရေးမိတ်ဖက်တွေအပါအဝင် စီးပွားဖက်တွေကို စိတ်ရှည်သည်းခံမှုနဲ့စဉ်ဆက်မပြတ်ပံ့ပိုးပေးမှုတွေအတွက် ဝန်ချတောင်းပန်မှုနဲ့ ကျေးဇူးတင်စကားတို့ကို ပြောကြားခဲ့ပါတယ်။

ဒီနေ့မှာတော့ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ ယုံကြည်မှုတွေကို ပြန်လည်ရရှိဖို့နဲ့ ကျွန်တော်တို့ထုတ်ကုန်တွေရဲ့လုံခြုံရေးအတွက် ဘာတွေလိုအပ်လဲဆိုတာကို ပြန်လည်အဓိပ္ဗာယ်ဖွင့်နိုင်ဖို့သာမပဲအဆုံးမရှိတဲ့ အကောင်းမွန်ဆုံးအတွေ့အကြုံသစ်တွေရဲ့ တံခါးပေါက် အဖြစ် တီထွင်ဆန်းသစ်မှုတွေကတစ်ဆင့် ပြန်လည်ကြိုးစားသွားဖို့ ကတိပြုပြောကြားလိုပါတယ်လို့ DJ Koh က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လတွေမှာ ဆမ်ဆောင်းဂလက် ဇီနုတ်ဆဲဗင်း (Samsung Galaxy Note 7)ကို ရောင်းချတဲ့ဆိုင်တွေအနေနဲ့ လုံးဝမရောင်းချဖို့နဲ့ သုံးစွဲသူတွေအနေနဲ့ လုံးဝအသုံးမပြုဖို့ ကမ္ဘာတစ်ဝန်းမှာ ဂယက်ရိုက်ခဲ့ပါတယ်။

နိုင်ငံတော်တော်များများမှာရှိတဲ့ ဆမ်ဆောင်နုတ်ဆဲဗင်းဖုန်းတွေ ဘက်ထရီပေါက်ကွဲလောင်ကျွမ်းမှုတွေဖြစ်နေတာကြောင့် လုံခြုံရေးအရ သုံးစွဲမှုနဲ့ရောင်းချမှုကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ထုတ်ကုန်သုံးစွဲသူများ ကော်မရှင်အဖွဲ့ကလည်း နုတ်ဆဲဗင်းဖုန်းဟာဆိုရင် အပူလွန်ပြီး မကြာခဏလောင်ကျွမ်းပေါက်ကွဲမှုတွေဖြစ်နေတာကြောင့် သုံးစွဲသူတွေဖုန်းကို ပါဝါပိတ်ထားဖို့နဲ့ အသုံးပြုမှုကိုရပ်ထားဖို့ စုံစမ်းစစ်ဆေးနေ တယ်လို့ ဆမ်ဆောင်းကုမ္မဏီကိုသတိပေးခဲ့ပါတယ်။

From : ကုမုဒြာဂျာနယ် by – မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: