တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 1, 2017

အယ်လ်ဂျီ ရဲ့ စမတ်နာရီ ဒီဇိုင်း အသစ်




ရန်ကုန်၊ ဇန်နဝါရီ ၂၈ –

အယ်လ်ဂျီ စမတ်ဖုန်း နာရီ ဒီဇိုင်းနဲ့ အရောင် အသစ် တွေကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ မိတ်ဆက်မှာ ဖြစ် ကြောင်း သူ့ရဲ့ ဘလော့ဂ်မှာ ကြေညာ ထားပါတယ်။

last Android Wear 2.0 Beta နဲ့ ဖွဲ့စည်း ထားတဲ့ အယ်လ်ဂျီ စမတ် နာရီကို ချစ်သူများနေ့ အမှီ စုံတွဲ စမတ်နာရီ အဖြစ် ပုံစံနှစ်မျိုး အရောင် နှစ်မျိုးနဲ့ မိတ်ဆက်မှာ ဖြစ်ပါတယ်။ သည်စမတ် နာရီမှာ ၁.၂ လက်မနဲ့ ၃၆၀ x ၃၆၀ အဝိုင်း P- OLED စခရင် ဖြစ်ပါတယ်။

မန်မိုရီ အပိုင်း ကတော့ RAM ကို 512 MB ပါဝင်ပြီး သိုလှောင်မှု 4 GB ဆံ့ ပါတယ်။ ဘက်ထရီ ကတော့ 240 mAh battery နဲ့ အလုပ် လုပ်မှာပါ။

IP 67 ဖြစ်ပြီး ကြားခံစနစ်တွေအဖြစ် လုပ်ဆောင်တဲ့ NFC တည်နေရာပြတဲ့ ဂျီပီအက်စနစ်၊ အင်တာနက်သုံး mobile data နဲ့ နှလုံး ခုန်နှုန်းကို တိုင်းတဲ့ ဆင်ဆာစတဲ့ ဖီးချားလုပ်ဆောင်ချက်စနစ်တွေပါဝင်ပါတယ်။

ဈေးနှုန်းအတိအကျကိုတော့ ဖေဖော်ဝါရီ ၉ ရက်နေ့ မိတ်ဆက်ရင်းနဲ့ကြေညာမှာဖြစ်ကြောင်း သိရပါတယ်။

From : ကုမုဒြာဂျာနယ် by – မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: