
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ -
ဆင်းမ်ကတ် နှစ်ကတ်သုံး အေတီအမ်ကတ် ပမာဏ လောက်ပဲ ရှိတဲ့ ဖုန်း ဟန်းဆက် အသေးစားကို Harrier mobile & online store ကနေ မှာယူ နိုင်ပါတယ်။
အိတ်ဆောင် ပုံစံမျိုး ဖြစ်တာ ကြောင့် ပါးလွှာပြီး အပြားပုံစံ ဖြစ်ပါ တယ်။ သူက စမတ်ဖုန်း မဟုတ် တာကြောင့် ကီးပတ်ကို တာ့ခ်ျ စခရင် ပုံစံနဲ့ လာတာ ဖြစ်ပါတယ်။ စမတ်ဖုန်းလို radiation ထွက်တာ မများတဲ့ အတွက် ကျန်းမာရေး ရှုထောင့် အနေနဲ့ လူကြီးတွေ အတွက် သင့်တော်ပါတယ်။
ဈေးနှုန်းက ကျပ် ၂၉,၉၀ဝ ဖြစ်ပါတယ်။
အမျိုးအစား ကတော့ Ultra- Thin Pocket Mini GSM Card Phone ဖြစ်ပါတယ်။
မြန်မာဖောင့်တစ်ခါတည်းပါပြီးသားဖြစ်ပြီး ဆင်းမ်ကတ်နှစ်ကတ်စိုက်ထည့်နိုင်ပါတယ်။ မျက်နှာပြင်ကိုလည်း hide လုပ်ထားနိုင်ပြီး မှန်ပြင်ဗြောင် လို ထားနိုင်သလို မိမိ အသုံးပြု လိုချိန်မှာ ခလုတ်နှိပ် လိုက်မှသာ စခရင်ပေါ်မှာ ဂဏန်းစာသားတွေ ပေါ်လာမှာ ဖြစ်ပါတယ်။
ဘယ်သွားသွား လွယ်လွယ် ကူကူ သယ်သွားနိုင်မယ့် World first ultra- thin card phone က အရွယ် အစား သေးငယ်ပြီး credit card size လောက်ပဲ ရှိပါတယ်။
နောက်ပြီး bluetooth handset အဖြစ်လည်း အသုံးပြု နိုင်ပါတယ်။ အသံကြည်လင် ပြတ်သားပြီး လိုင်းဆွဲ အားလည်း အလွန် ကောင်းမွန်ကြောင်း သိရပါတယ်။
Calendar, alarm, calculator, FM radio နှင့် MP3 playback တွေကိုလည်း သုံးနိုင် ပါသေးတယ်။ အက်စ်ဒီကတ်လည်း စိုက်နိုင် ပါတယ်။Stand by mode နေနဲ့ တစ်လခန့် ဘက်ထရီအား ခံပါတယ်။ အရောင်တွေ ကတော့ ရွှေရောင်၊ အနက်ရောင်၊ ခရမ်းရောင်၊ ပန်း ရောင်နဲ့ အပြာရောင်တို့ ရှိပါတယ်။
Mini GSM ဖုန်းကို http:// www.facebook.com/harriermobile/ မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
Harrier Mobile အမှတ် ၃၆၈၊ မဟာဗန္ဓုလလမ်း၊ ၃၈ လမ်းနှင့် ဆိပ်ကမ်းသာလမ်းကြား၊ ဖုန်း- ဝ၉၂၅၉၂၈၈၃၃၉၊ ဝ၉၄၅ ဝ၀၄၉၅၈၇၊ ဝ၉၉၆၅၂၁၂၇၆၅၊ ဝ၉၉၇၉၉၈၇၆၁၁ ကို သွားရောက်ဝယ်ယူနိုင်ပါတယ်။
အထက်ပါဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး အွန်လိုင်းကနေလည်း ဆက်သွယ်မှာယူနိုင်ပါ တယ်။
From : ကုမုဒြာဂျာနယ် by မေဘယ်လ်
Originally published at - http://www.kumudranews.com

No comments: