တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 1, 2017

အမျိုးသမီးများကို အနှောင့်ယှက် ပေးမှုမှ ကာကွယ်ပေးမည့် ပင့်ကူဝတ်စုံ




ပရာ့ဂ် ၊ ၁-၂-၂၀၁၇

စတိုင်ကျ လှပသည် သာမက ဝတ်ဆင် သူကို အနှောင့် အယှက် ပေးမှုမှ ကာကွယ် ပေးနိုင်သည့် ပင့်ကူ ဝတ်စုံကို ဖက်ရှင် နည်းပညာ ဒီဇိုင်နာ အနုခ်ဝီ ပရက်ခ်ျက တီထွင် ဖန်တီး ထားသည်။

နယ်သာလန်နိုင်ငံသူ ဝီပရက်ခ်ျ ဆိုသည်မှာ အသစ်ထွက်ပေါ် လာသည့် ဖက်ရှင်နည်းပညာ နယ်ပယ်တွင် အတွေ့အကြုံ ရင့်ကျက်သော ဒီဇိုင်နာနှင့် တီထွင်ဆန်းသစ်သူ တစ်ဦးဖြစ်ပြီး အလှအပကို နောက်ဆုံးပေါ် သိပ္ပံ နည်းပညာနှင့် ပေါင်းစပ်တီထွင် နေသူဖြစ်သည်။

၎င်း၏ ပင့်ကူဝတ်စုံသည် အလှအပနှင့် ကြောက်မက်ဖွယ် ကောင်းမှုတို့ကို ပေါင်းစပ် ထားသည့် တီထွင်မှုတစ်ခု ဖြစ်ပြီး 3D ပရင်တာဖြင့် ထုတ်လုပ်ထားသည့် အစိတ်အပိုင်းများ၊ အာရုံခံကိရိယာ များနှင့် မီးအလင်းရောင် တို့ကို ထည့်သွင်းချုပ်လုပ် ထားခြင်း ဖြစ်သည်။

သို့သော် ဝတ်စုံတွင် ပါရှိသည့် အကောင်းဆုံးသော အရာမှာ ဝတ်စုံ ဝတ်ဆင်ထားသူ ထံသို့ တစ်စုံတစ်ဦးက ချဉ်းကပ်လာသည့် အခါ အလိုအလျောက် တုံ့ပြန်ပေး နိုင်သည့် ပင့်ကူလက် ကဲ့သို့သော ပလတ်စတစ် လက်များပင် ဖြစ်သည်။

အခြေခံအားဖြင့် ယင်းဝတ်စုံကို ဝတ်ဆင် ရသည်မှာ ကိုယ်စိတ်ချမ်းသာ ခြင်းကို ပေးစွမ်းနိုင်ကြောင်း၊ မသမာသူ အနေဖြင့် ဝတ်စုံဝတ်ဆင် ထားသူ၏ ပုဂ္ဂလိက နေရာများကို နှောင့်ယှက်ရန် ချဉ်းကပ်လာပါက ဝတ်စုံတွင် ပါဝင် သည့်စနစ်၏ ရန်မူသော တုံ့ပြန်မှုကို ခံစားရမည် ဖြစ်ကြောင်း ဝီပရက်ခ်ျ က ရှင်းလင်းထားသည်။

ပခုံးပေါ်တွင် တပ်ဆင်ထားသည့် စက်ရုပ် လက်တံများ လှုပ်ရှားနိုင်ရန် အတွက် ဆာဗို မော်တာများအပြင် ထိစပ်မှု အာရုံခံကိရိယာ များနှင့် လှုပ်ရှားနိုင်သည့် အခြေအနေ ၁၂ ရပ် ပါဝင်သော ပရိုဂရမ်တို့ဖြင့် ပေါင်းစပ်ထုတ်လုပ် ထားခြင်း ဖြစ်သည်။

ဝီပရက်ခ်ျ သည် အဆိုပါ ဝတ်စုံကို အင်တဲ အက်ဒီဆင် နည်းပညာအပေါ် အခြေခံထားပြီး အင်တဲကုမ္ပဏီ နှင့် ပုဂ္ဂိုလ်ရေးအရ ပူးပေါင်းထားခြင်း ဖြစ်သည်။


From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com


No comments: