တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, February 18, 2017

အသံစနစ်သုံး ဒစ်ဂျစ်တယ် အကူကိရိယာ လောကထဲ ဝင်ရောက်လာတဲ့ Huawei




စမတ်ဖုန်း တွေမှာ ဒစ်ဂျစ်တယ် AI အသံ အကူ စနစ်ကို အကြီး အကျယ် သုံးလာ တာကို ယခုနှစ် ထဲမှာ ပိုပြီးမြင်လာ ရပါတယ်။ အခုလည်း Huwei အနေနဲ့ စမတ်ဖုန်း
ရေစီးကြောင်း ထဲမှာ အလိုက်သင့် စီးဆင်း လိုက်တဲ့ အနေနဲ့ ကိုယ်ပိုင် အသံ အကူ စနစ်ပါ AI ဝန်ဆောင်မှု တစ်ခုကို ဖြန့် ချိသွားဖို့ လုပ်ဆောင် နေပါတယ်။

AI အကူစနစ်ထဲမှာ နာမည်ကြီးတဲ့ ဒစ်ဂျစ်တယ်အကူတွေ ဖြစ်တဲ့ Apple ရဲ့ Siri ၊ Google ရဲ့ Google Assistant ၊ Microsoft ရဲ့ Cortana နဲ့ Amazon ရဲ့ Alexa အပြင် Samsung မှာဆိုရင်လည်း Bixby တို့ နဲ့ ဈေးကွက်ထဲ ထိုးဖောက် ဝင်ရောက် လာချိန်မှာ Huawei အနေနဲ့ ကိုယ်ပိုင် အသံအကူ စနစ်တစ်ခု မဖြစ်မနေ သုံးသွားဖို့ အချိန် ကျရောက် လာပါပြီ။

ဒီစနစ်ဟာ စမ်းသပ်ဆိုပေမယ့် အခုဆိုရင် လူတစ်ရာကျော်မှာတော့ သုံးလို့ ရနေတယ်လို့ လည်း သိရပါတယ်။ ယခုဒစ်ဂျစ်တယ်အကူကို တရုတ်နိုင်ငံမှာပဲ အသုံးပြုလို့ 
ရသေးတာ ဖြစ်ပါတယ်။ Huawei ဟာ တရုတ်ပြည်ပြင်ပမှာ ဒီစနစ်ကိုသုံးနိုင်ဖို့ အတွက် တစ်ခြား AI ဝန်ဆောင်မှုကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာပါ။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် Mate 9 စမတ်ဖုန်းများမှာ Amazon ရဲ့ Alexa ကို သုံးထားပြီး မတ်လထဲမှာ ဆော့ဖ်ဝဲလ် updates သစ်တင်ဖို့ စီစဉ်နေပါတယ်။

Huawei အနေနဲ့ ဒစ်ဂျစ်တယ်အကူစနစ်ကို တရုတ်ပြည်တွင်းမှာပဲ သုံးသွားဖို့ စီစဉ်ထားပေမယ့် တရုတ်နိုင်ငံမှာကိုပဲ Huawei ရဲ့ စမတ်ဖုန်းဈေးကွက်က အလွန် ကြီးမား အားကောင်းနေပါတယ်။

ဒီတော့ ယခု Google ထုတ် Pixel နဲ့ Pixel XL တို့ မှာ သုံးနေတဲ့ Google Assistant ကို အနာဂါတ် Huawei စမတ်ဖုန်းတွေမှာ တွေ့ ရတော့မှာ မဟုတ်ပါဘူး။ အရင် ကတော့ တရုတ်ပြည်တွင်းထဲက Huawei စမတ်ဖုန်းတွေရဲ့ ဒစ်ဂျစ်တယ်အကူအတွက် Google Assistant ကို သုံးနေရတာဖြစ်လို့ ဒါဟာ Google အတွက် အကြီး အကျယ် ဈေးကွက် ထိခိုက်ခြင်း ဖြစ်လာဖို့ ရှိပါတယ်။

အခုလိုမျိုး တစ်ခြား ကုမ္ပဏီထုတ် AI အသံအကူ စနစ်ကို မသုံးတော့ဘဲ ကိုယ်ပိုင် AI digital assistant ထုတ်လာတာ Huawei ကုမ္ပဏီ တစ်ခုတည်းတင် မဟုတ်ပါဘူး။ Samsung ဟာလည်း ဧပြီလထဲမှာ ထုတ်လုပ်ဖြန့် ချိသွားမယ့် Galaxy S8 မှာ ကိုယ်ပိုင် digital assistant ဖြစ်တဲ့ Bixby ကို ထည့်သွင်း မိတ်ဆက် သွားတော့ မယ်လို့ သိရ ပါတယ်။

Huawei အနေနဲ့ နည်းပညာဆက်စပ် ပစ္စည်းများကို မိမိကိုယ်တိုင်ထုတ်သွားဖို့ ကြိုးပမ်းလာခြင်းဟာ ဈေးကွက်တဲ့ ကောင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ် သလို နည်းပညာလောက အတွက်လည်း အသစ်အသစ်တွေ ထပ်မံတွေ့ မြင်ရဖို့ ရှိလာပါတယ်။

Source: Android Authority

From : Duwun by Nyein Min Wai

Originally published at - http://www.duwun.com.mm/tech/mobile/huawei-id6238759.html

No comments: