တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, February 16, 2017

Nokia စမတ်ဖုန်း ဈေးကွက်ထဲ ယှဉ်ပြိုင်ရန် ပြန်လည် ရောက်ရှိလာ




ပေကျင်း ၊ ၁၆-၂-၂၀၁၇

၁၉၉ဝ ပြည့်နှစ် ခန့်က Nokia ကုမ္ပဏီက အရွယ် အစား သေးငယ်၍ လူအများ ဝယ်ယူနိုင်သည့် လက်ကိုင် ဖုန်းများဖြင့် လက်ကိုင်ဖုန်း ဈေးကွက်ကို ကြီးစိုးနိုင် ခဲ့သည်။

နောက်ပိုင်းတွင် စမတ်ဖုန်းများေ ရာက်ရှိလာပြီး ၂ဝဝ၇ ခုနှစ်က Apple ၏ i Phone များ စတင် ရောက်ရှိ လာချိန်မှ စ၍ Nokia လက်ကိုင် ဖုန်းများကို သုံးစွဲသည့် လူဦးရေတ ဖြည်းဖြည်း လျော့နည်း သွားခဲ့သည်။

ယခုအခါ Nokia သည် စမတ်ဖုန်းများနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ဒီဇိုင်းအသစ် အဆန်းများဖြင့် ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး တရုတ်နိုင်ငံ၏ စမတ်ဖုန်းဈေးကွက်တွင် စတင်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက် အနည်းငယ်ကကျင်းပ ခဲ့သော CES နည်းပညာပြပွဲတွင် Android စနစ်ကိုအသုံးပြု သည့် Nokia ၏ ပထမဆုံးစမတ်ဖုန်း ဖြစ်သော Nokia 6 ကို ပြသခဲ့သည်။

Nokia 6 မှာတရုတ်ငွေ ၁၆၉၉ ယွမ် ($၂၄၅) ရှိပြီး တရုတ်နိုင်ငံတွင် ရောင်းချသော Apple iphone 7 plus ဈေးနှုန်း၏ လေးပုံ တစ်ပုံသာ ရှိကြောင်း သိရသည်။

Nokia 6သည် စမတ်ဖုန်းဈေး ကွက်တွင် လက်ရှိ အပြိုင် အဆိုင် ရောင်းချနေသော ဟန်းဆက်များ နှင့် တူညီသည့် Feature အချို့ပါဝင်ပြီး ၅ဒသမ၅လက်မ ဖန်သားပြင်၊ HD resolution ၊ 8mp ရှေ့ကင်မရာနှင့် 16mp နောက်ကင်မရာ၊ 1.1GHz octa-core ပရိုဆက်ဆာ၊ RAM 4GB၊ storage 64 GBတို့ ပါဝင်ကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2017/02/nokia.html

No comments: