
USB Drive များမှာ Storage လွတ်နေ ပေမယ့် ဖိုင်များ ထပ်မံပြီး ထည့်သွင်းလို့ မရတဲ့ ပြဿနာမျိုး ကြုံဖူး ကြမှာပါ။ အဆိုပါ အချိန်မျိုးမှာ USB Drive ကို Format ချဖို့ ကြိုးစား ကြည့်တဲ့ အခါမှာလည်း The disk is write protected ဆိုတဲ့ Message မျိုးကို တွေ့မြင် ရပါ လိမ့်မယ်။
ဒီလိုပြဿနာကို ဖြေရှင်းဖို့ အတွက် ဆိုရင် Start Menu ကို နှိပ်ပါ။ ပြီးရင် un as Administrator နဲ့ Run ရပါမယ်။ Command Prompt ထဲကို ရောက်ပြီ ဆိုရင် Diskpart ဆိုတဲ့ command ကိုရိုက်ထည့် ရပါမယ်။
Diskpart ထဲကို ရောက်ပြီ ဆိုရင် list disk ဆိုပြီး ကိုယ် Write Protect error တက်နေတဲ့ disk ကိုရှာဖွေ ရပါမယ်။ တွေ့ပြီ ဆိုရင် select disk # ဆိုတဲ့ command ကို အသုံးပြု လိုက်ပါ။ # ဆိုတဲ့ နေရာမှာ အဆိုပါ disk ရဲ့ နံပါတ်ကို ထည့်သွင်း ပေးရပါမယ်။
Write Protect error တက်နေတဲ့ disk ကို select ပြုလုပ် ပြီးပြီ ဆိုရင် attributes disk clear readonly ဆိုတဲ့ command ကိုရိုက်ထည့် ရပါမယ်။ ပြီးသွားရင် exit ဆိုတဲ့ command ကိုရိုက်ပြီး Diskpart ကနေ ထွက်လိုက်ပါ။
အဆိုပါ အဆင့်တွေ ပြီးသွားရင် Write Protect ဖြစ်နေတဲ့ usb device ကို Format ပြုလုပ် နိုင်ပြီ ဖြစ်ပါတယ်။
Ref: tomshardware
From : Internet journal - By: သီဟ
Originally published at - http://www.internetjournal.media/how-to/8839

No comments: