
Instagram ဟာ ဓာတ်ပုံ တွေကို ကွန်ပျူတာ ကနေ upload လုပ်ဖို့ အတွက် ဦးစားပေး စီစဉ် ထားခြင်း မရှိပါဘူး။ ကွန်ပျူတာ ထဲက ဓာတ်ပုံတွေကို Instagram ပေါ်တင်ချင်တဲ့ အခါမှာ မိုဘိုင်း ဘက်ကနေ ပြောင်းပြီး တင်မယ် ဆိုရင်လည်း အနည်းငယ် အလုပ် ရှုပ်နိုင် ပါတယ်။
ဓာတ်ပုံ တစ်ပုံကို ကွန်ပျူတာ ကနေ Instagram ပေါ်မှာတင်ပြီး သူငယ်ချင်းတွေဆီ ဝေမျှချင်တယ် ဆိုရင် အောက်ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်ပါတယ်။
ဒီလိုပြုလုပ်ဖို့ အတွက် Gramblr ဆိုတဲ့ third-party ဆော့ဖ်ဝဲ လိုအပ်ပါမယ်။ Gramblr ကို ဒီနေရာကနေ download လုပ်ယူနိုင်ပါတယ်။
ဒီဝက်ဘ်ဆိုက်မှာ Windows အတွက်ရော Mac အတွက်ပါ တင်ပေးထားတဲ့ အတွက် သက်ဆိုင်ရာဖိုင်ကို ရွေးချယ်ပြီး download လုပ်နိုင်ပါတယ်။
Download ပြုလုပ်ပြီးရင် zip ဖိုင်ကို extract လုပ်ပြီး run လိုက်ပါ။
ပြီးရင် Instagram account ကို အဲ့ဒီဆော့ဖ်ဝဲမှာ ထည့်သွင်းပါ။
ပြီးသွားရင် upload Now ဆိုတာကို နှိပ်ပြီး ကွန်ပျူတာကဓာတ်ပုံကို ရွေးချယ်ပါ။
ဓာတ်ပုံကို upload လုပ်ပြီးရင် Instagram မှာလို Filter တွေ ထည့်ချင်သေးတယ်ဆိုရင်လည်း နှစ်သက်ရာ filter ကို ရွေးချယ်ထည့်သွင်းနိုင်ပါတယ်။
ဒီဆော့ဖ်ဝဲ မှာ caption တွေနဲ့ hashtag တွေကို ထည့်သွင်းနိုင်သလို schedule နဲ့လည်း တင်နိုင်ပါတယ်။
From : Internet Journal By: သီဟ
Originally published at - http://www.internetjournal.media/how-to/9712

No comments: