တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, February 6, 2017

Windows 10 တွင် God Mode ကို Enable ပြုလုပ်ခြင်း




Windows Operating System ရဲ့ God Mode ဆိုတာကတော့ Windows အတွင်းရှိ Settings တွေကို တစ်နေရာတည်း ကနေ အသုံးပြု နိုင်အောင် စီစဉ်ထားတဲ့ backdoor တစ်ခုဖြစ်ပါတယ်။

God Mode ကနေ Windows Operating System အတွင်းက Settings တွေကို အလွယ်တကူနဲ့ အလျင် အမြန် ပြင်ဆင်နိုင်မှာ ဖြစ်တဲ့ အတွက် ပုံမှန် Settings တွေကို တစ်နေရာ ချင်းစီ သွားရောက် ပြင်ဆ င်စရာမလိုတော့ပါဘူး။ Windows 10 မှာ God Mode ကို Enable ပြုလုပ်ဖို့အတွက် ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Windows 10 တွင် God Mode ကို Enable ပြုလုပ်ဖို့ဆိုရင် Desktop ပေါ်မှာ Right-click နှိပ်ပါ။ New > Folder ဆိုတာကိုရွေးချယ်ရပါမယ်။

Folder ပေါ်လာရင် Folder Name နေရာမှာ ဖော်ပြထားတဲ့ GodMode.{ED7BA470-8E54-465E-825C-99712043E01C} ဆိုတဲ့ code ကို ထည့်သွင်း ပေး ရပါမယ်။

ပြီးသွားရင် Enter နှိပ်လိုက်ပါ။ ဒါဆိုရင် folder icon ဟာ ပြောင်းလဲသွားပါလိမ့်မယ်။

အဆိုပါ icon ကို double-click နှိပ်လိုက်ရင် Windows 10 ရဲ့ God Mode ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Ref: windowscentral

From : Internet journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/8927

No comments: