တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, February 6, 2017

YouTube မှ ဗီဒီယိုဖိုင်များကို အလွယ်နည်းဖြင့် download ပြုလုပ်ခြင်း




YouTube မှ ဗီဒီယိုဖိုင်များကို နည်းလမ်းပေါင်း များစွာနဲ့ download ပြုလုပ်နိုင် ကြပါတယ်။

Mozilla Firefox သုံးစွဲသူများ အတွက် ဆိုရင် YouTube video downloader add-on များကို အသုံးပြု ၍လည်း download ပြုလုပ်နိုင် သလို browser ပေါ် ကနေ အသုံးပြုနေ သူများ အနေနဲ့လည်း youtube link အရှေ့မှာ SS ထည့်၍လည်း လုပ်ဆောင် ကြပါတယ်။

အဆိုပါ နည်းလမ်းတွေ ထဲကမှ ယခုဖော်ပြ ပေးမယ့်နည်းလမ်းကတော့ YouTube video ဖိုင်တွေကိုသာ မက MP3 ကိုဖိုင်ကိုပါ download ရယူနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။

ပြုလုပ်နည်းကတော့ browser ကနေ YouTube video ဖိုင်တစ်ခုကိုဖွင့်လိုက်ပါ။

ဥပမာ https://www.youtube.com/video/4as5rUWlS0g ဆိုတဲ့ YouTube video ဖိုင်တစ်ခုကို download ပြုလုပ်မယ် ဆိုရင် youtube ဆိုတဲ့ domain နေရာမှာ ube ဆိုတဲ့ စာလုံး သုံးလုံးကို ဖျက်ပစ် လိုက်ပါ။ ဒါဆိုရင် https://yout.com/video/4as5rUWlS0g ဒီလို ပုံစံမျိုးနဲ့ လင့်ခ်ဖြစ် သွားပါ လိမ့်မယ်။

အဆိုပါ လင့်ခ်နေရာမှာ YouTube မှ တင်ထားတဲ့ဖိုင်ရဲ့ MP3 နဲ့ MP4 ဖိုင်ကို ခွဲခြားပြ ပေးထားပါလိမ့်မယ်။ မိမိ နှစ်သက်ရာကို ရွေးချယ်ပေးလိုက်ပါ။ MP4 ဖိုင်ဆိုရင် 720p အရည်အသွေး ရှိတဲ့ ဗီဒီယိုဖိုင်အထိ ရယူနိုင်ပါတယ်။ ရွေးပြီးသွားပြီဆိုရင် Record MP4 ဆိုတဲ့ အောက်ခြေက ခလုတ် ကို နှိပ်လိုက်ရင် စတင်ပြီး download ပြု လုပ်ပြီ
ဖြစ်ပါတယ်။

From : Internet journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/8910


No comments: