တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, February 6, 2017

Windows 10 Group Policy ကို ဘယ်လို Reset ပြုလုပ်မလဲ




Windows 10 ဟာ သုံးစွဲသူတွေ အတွက် Option များစွာကို ကိုယ်တိုင် Customize ပြုလုပ်ပြီးသုံးစွဲဖို့ အတွက် ထောက်ပံ့ပေး ထားပါတယ်။

Group Policy, Registry Editor အစရှိတာတွေ ပေါ်ကနေ ကိုယ်လိုချင်တဲ့ Settings တွေ ကို ပြုပြင်ပြောင်းလဲ ထားတဲ့ အတွက် တစ်ခါ တစ်ရံမှာ ပြဿနာ များစွာနဲ့ လည်းတွေ့ကြုံ နိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ Group Policy ကနေ Windows 10 အတွင်းရှိ အချို့ Feature တွေကို Customize လုပ်ပြီး ပြင်ဆင်ထားတဲ့ သူတွေအတွက် Windows 10 ရဲ့ Group Policy ကို default settings မျိုးဖြစ်အောင် Reset ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

Group Policy ကို reset ပြုလုပ်ဖို့ အတွက်ဆိုရင် Start Menu ကို နှိပ်ပြီး command prompt ဆိုတဲ့ keyword ကိုရိုက်ထည့်ရပါမယ်။ command prompt ကိုတွေ့ပြီဆိုရင် Right-click နှိပ်ပြီး Run as administrator ဆိုတဲ့ mode နဲ့ run ရပါမယ်။

Command Prompt ထဲကို ရောက်ပြီဆိုရင် ဖော်ပြပေးထားတဲ့ Command ကို တစ်ကြောင်းချင်းစီ command prompt မှာ ထည့်သွင်းပေးရပါမယ်။ RD /S /Q "%WinDir%\System32\GroupPolicy" ဆိုတဲ့ command ကိုရိုက်ထည့်ရပါမယ်။ ပြီးသွားရင် RD /S /Q "%WinDir%\System32\GroupPolicyUsers" ဆိုတဲ့ command ကို ထပ်ပြီးထည့်သွင်းပေးရပါမယ်။

အဆိုပါ အဆင့်တွေပြီးပြီဆိုရင် command prompt မှာ gpup date.exe /force ဆိုတဲ့ command ကို ထပ်မံ ရိုက်ထည့်ပေးရပါမယ်။ ဖော်ပြပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် ခေတ္တစောင့်ဆိုင်း ပေးရပါမယ်။ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဆိုရင် Group Policy ကို Reset ပြုလုပ်တဲ့ နည်းလမ်းပြီးဆုံးပြီ ဖြစ်ပါတယ်။

From : Internet journal - By: သီဟ

Originally published at - http://www.internetjournal.media/how-to/8891


No comments: