Saturday, March 25, 2017
စက္ကန့် ၃၀ အတွင်း သွေးအမျိုးစား စစ်ဆေးပေးနိုင်မယ့် စက္ကူပြား
မတ် ၂၀ – လူတစ်ယောက်ရဲ့သွေး အမျိုး အစားကို အေ၊ ဘီ၊ အေဘီ ဒါမှ မဟုတ် အိုလား ဆိုတာ စက္ကန့် ၃၀ အတွင်း စစ်ဆေး သိရှိနိုင်တော့ မယ်လို့ သိရပါတယ်။
စက္ကူပြားသုံး သွေးစစ်နည်းကို တရုတ် သုတေသီ အဖွဲ့က တီထွင်ခဲ့တာ ဖြစ်တယ်လို့ Science Tran-slational Medicine ဝက်ဘ် ဆိုက်မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြ ခဲ့တဲ့ သုတေသန အရ သိရ ပါတယ်။
သုံးနေကျသွေးစစ်နည်းတွေက ၁၀ မိနစ်နဲ့ မိနစ် ၂၀ ကြားအချိန် ပေးရတာဖြစ်ပြီး ဒါဟာစစ်ဆေးမယ့်သွေးကို သယ်ယူပို့ဆောင်ရတဲ့ ကြာချိန်မပါသေးပါဘူး။ သည်နည်းသစ်မှာ သွေးအမျိုးအစားနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို နှစ်မိနစ်ခန့်အတွင်း ဆုံးဖြတ်ဖော်ပြပေးနိုင် ပါတယ်။
စစ်ဆေးမှုမှာ ပဋိပစ္စည်းတွေနဲ့ဆိုဆေးအရောင်ပါရှိတဲ့ စက္ကူပြားလေး တစ်ခုကိုသုံးထားပါတယ်။ အဲသည်ပေါ်မှာ သွေးနဲ့ထိတွေ့လိုက်တာ နဲ့ သွေးက ပဋိပစ္စည်းတွေနဲ့ ဓာတ်ပြုပြီး စက္ကူပြားရဲ့လေး ထောင့်ကွက် လေးတွေထဲမှာ အရောင်ပေါ်လာမှာဖြစ်ပါတယ်။
သွေးတွင်းပါရှိတဲ့ ပဋိပစ္စည်းတွေရဲ့ သက်ဆိုင်ရာ ပဋိပစ္စည်းတစ်ခုချင်း စီရဲ့လေးထောင့်ကွက်တွေမှာ စိမ်းပြာရောင်ပေါ်လာပြီး ၄င်းသွေးတွင်း မှာမပါရှိတဲ့ ပဋိပစ္စည်းတွေရဲ့လေးထောင့်ကွက်တွေ မှာတော့အ ညိုရောင်ပေါ်နေမှာဖြစ်ပါတယ်။
သည်နည်းလမ်းနဲ့ လူ့သွေးနမူနာ ၃၅၅၀ ကိုစမ်းသပ်ခဲ့ပြီးဖြစ်သလို သုံးနေကျနည်းလမ်းတွေအတိုင်းရလဒ်တိကျ မှန်ကန်တာတွေ့ရပါတယ်။
သည်နည်းလမ်းသစ်ကို အရေးပေါ်အခြေအနေအတွင်း ဓာတ်ခွဲခန်းစစ်ဆေးမှု အဆင်မပြေနိုင်လောက်တဲ့ အခြေအနေတွေ၊ေ)းလံတဲံဒေသတွေနဲ့ စစ်ဘေးသင့်ဒေသတွေမှာ အသုံးပြုလို့ ရနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။
သည်တွေ့ရှိမှုအသစ်ဟာ တွက်ခြေကိုက်ပြီး အဆင်ပြေလုံလောက်တဲ့ ကမ္ဘာ့သွေးလှူဒါန်းရေး ပလက်ဖောင်းတစ်ခုဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံ Third Military Me-dical University က သုတေသီတွေက ပြောပါတယ်။
[ref:CNA/am. Mar 20, 2017.]
From : ကုမုဒြာဂျာနယ် by YSD
Originally published at - http://www.kumudranews.com
Subscribe to:
Post Comments (Atom)
- ရှာဖွေရန်
- USB debugging on & Off ဆိုတာ
- [Zenfone 2] How to Enter Recovery, Wipe Data, Wipe...
- Samsung Galaxy ဖုန်းတွေ Recovery Mode ၀င်နည်း
- Samsung ဖုန်းများ အတွက် Full File FIrmware ( Repai...
- iPhone 5s iOS 9.0.2 ကို Jailbreak လုပ်နည်း
- ဒေါင်းလော့ဆိုဒ်မျိုးစုံမှ လွယ်ကူစွာ ဒေါင်းယူနည်းမျ...
- Computer ကနေ Google Play Store မှ Application တွေက...
- Blogger တွင် ZawGyi နှင့် Unicode Font များကို Emb...
- Factory reset အလွယ်တကူ ချယူ နည်းများ
No comments: