တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, March 15, 2017

ဆမ်ဆောင်း အက်စ်အိတ်မှာ မျက်နှာကြည့်ပြီး စကန်ဖတ် လော့ခ်ဖြည်မယ့် စနစ် ပါဝင်




ရန်ကုန်၊ မတ် ၁၂ - ဆမ်ဆောင်းရဲ့ ထွက်ရှိတော့မယ့် ထုတ်ကုန် အသစ် Galaxy S8 မှာ မျက်နှာ ကြည့်ပြီး စကန်ဖတ်လော့ခ် ဖြည်မယ့် စနစ်ကို ထည့်သွင်းမှာဖြစ် တယ်လို့ မတ်လ ၁၀ ရက်နေ့က တရားဝင် ကြေညာကြောင်း ကိုရီးယား အီကိုနော မစ်ဒေးလီး သတင်း ဌာနရဲ့ဖော်ပြချက် အရ သိရပါတယ်။

သည်နည်းပညာက စမတ်ဖုန်းလောကမှာ ဆမ်ဆောင်းကပထမဦးဆုံးတီထွင် ထည့်သွင်းတာဖြစ်ပြီး ပြီးခဲ့တဲ့နုတ်ဆဲဗင်းမှာဆိုရင်လည်း မျက်ဝန်းစကန်နာကို ပထ မဆုံးထည့်သွင်းခဲ့တာဖြစ်ပါတယ်။

နောက်ပြီး ဆမ်ဆောင်းအနေနဲ့ သည်မျက်နှာစကန်ဖတ်တဲ့ facial scanner ဖီး ချားကို ထည့်သွင်းရတဲ့ရည်ရွယ်ချက်မှာ ဖုန်းကိုလော့ခ်ဖြည်ရာမှာ လွယ်ကူအောင် ဖြစ်ပါတယ်။ အရင်လို လက်ဗွေရာစနစ်တွေနဲ့မဟုတ်ဘဲ နည်းစနစ်မြှင့်တင်လိုက် တာဟာလည်း စမတ်ဖုန်းရူးသွပ်သူတွေကို အကြိုက်တွေ့ဖို့ ရည်ရွယ်တာဖြစ်ပါ တယ်။

သည်ဖီးချားမှာဆိုရင်လည် လက်ဗွေရာစနစ်၊ မျက်ဝန်းစကန်နာတွေလိုပဲ ဖုန်း တွင်းဒေတာတွေ လုံခြုံမှုရှိစေဖို့ စွမ်းဆောင်နိုင်မှာဖြစ်ကြောင်းသိရပါတယ်။ အွန်လိုင်းငွေပေးချေတာတွေ၊ အကောင့်ပတ်စ်ဝပ်တွေ အတွက်လုံခြုံစေ မှာဖြစ်ပါ တယ်။

မျက်နှာနဲ့စကန်ဖတ်တဲ့လုပ်ဆောင်ချက်မှာ မိမိရဲ့မျက်နှာကို ဖုန်းစခရင်ကိုကြည့်ပြီး ကင်မရာပေါ်လာမှာဖြစ်ကာ စကန်ဖတ်က လော့ခ်ပွင့်မှာဖြစ်ပါတယ်။ သည်စနစ်မှာဆိုရင် စကန်ဖတ်နှုန်း ဝ.၀၁စက္ကန့်ဖြစ်တာကြောင့် အမြန် ဆန်ဆုံး စကန်ဖတ်ပေးမှာဖြစ်ပါတယ်။

ထွက်ရှိနေတဲ့သတင်းတွေအရ ဆမ်ဆောင်း S8 မှာ အရင်မော်ဒယ်တွေထက်ပိုမို ပါးလွှာပြီး ပြားလွန်းတဲ့ဗားရှင်းဒီဇိုင်းနဲ့ ထွက်ရှိမှာဖြစ်ပါတယ်။

ထုံးစံအတိုင်း ဘောင်ကွေးပုံစံလာမှာဖြစ်ပြီး ဆိုက်ကိုလည်း S8 နဲ့ S8 Plus ဆိုပြီး နှစ်မျိုး ထွက်ရှိမှာဖြစ်ကြောင်း သိရပါတယ်။

စခရင်ရဲ့ resolution ကိုလည်း အရင်ကထက် တိုးမြှင့်ပြီး HD ကို 4K နဲ့လာမှာဖြစ်တာကြောင့် ဗီဒီယိုတွေကို အကြည်လင်ဆုံးနဲ့ zoom ဘယ်လောက်ချဲ့ချဲ့ မဝါးသွားဘဲ ပြတ်သားကြည်လင်တဲ့ရုပ်ထွက်ကို စွမ်းဆောင်ပေးမှာဖြစ်ပါတယ်။

Gala-xy S8 ကိုတော့ မျက်နှာပြင် ၅.၈ လက်မနဲ့ S8 Plus ကိုတော့ မျက်နှာပြင် ၆.၁ လက်မနဲ့ စခရင်ဆိုက်အကြီးစားထွက်ရှိမှာဖြစ် ပါတယ်။

ဈေးနှုန်းအခြေအနေကတော့ မမ်မိုရီ အပေါ်မူတည်ပြီးကျသင့်မှာဖြစ်ကာအတိအကျ ကိုတော့ မိတ်မဆက်ခင်ရက်တွေမှ ကြေညာမှာဖြစ်တယ်လို့သိရပါတယ်။

သည်ထုတ်ကုန်မှာ ဒီဇိုင်းပိုင်းကို note 7 ပုံစံအခြေခံမှာဖြစ်ပြီး ဆော့ဖ်ဝဲပိုင်း ကိုတော့ လက်ရှိနာမည်ကြီးနေတဲ့ And-roid Nougat ဗားရှင်း ထည့်သွင်းမှာ ဖြစ်ကြောင်း သိရပါတယ်။

သည်ထုတ်ကုန်ကို မတ်လ ၂၉ ရက်နေ့မှာ တရားဝင် မိတ်ဆက်မှာဖြစ်တယ်လို့ ဆမ်ဆောင်းက သူ့ရဲ့ဘလော့ဂ်မှာထုတ်ပြန်ထားပါတယ်။

Author – မေဘယ်လ်

From :

Originally published at - =source=

No comments: