
ရန်ကုန်-ဖေဖော်ဝါရီ၂၇။
မြန်မာ နိုင်ငံက အမျိုးသမီး hacker တစ်ယောက် ဖြစ်ပြီး google က အသိမှတ် ပြုခံ ထားရတဲ့ သူတစ်ယောက် ရှိတယ်လို့ သိရပါတယ်။
သူက အမျိုးသမီး ဟက်ကာ တစ်ယောက် အဖြစ် အသက်မွေး ၀မ်းကျောင်း ပြုလုပ်ရင်း သတင်းနဲ့ ကွန်ပျူ တာ မိုဘိုင်း နည်းပညာမှာ ပါရဂူဘွဲ့ ရအောင် ကြိုးစားနေတဲ့ သူတစ်ဦးလဲ ဖြစ်ပါတယ်။
သူက လူငယ် တစ်ဦးဖြစ်ပြီး Singapore Management Universty မှာInformation System Ph.Dဘွဲ့ရအောင် ကြိုးစားနေတဲ့ သူ မဆုမွန်ကြွယ်ဘဲ ဖြစ်ပါတယ်။
သူကဖောက်ထွင်း ဖော်ထုတ် ဖို့တွေ အတွက် haker လုပ်နေတာ မဟုတ်ဘဲ လုံခြုံရေး စနစ်တွေ ပိုပြီး ကောင်းမွန်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ haker လုပ်နေတာ ဖြစ်ပါတယ်။
Apple ရဲ့ iOs ၊google ရဲ့android ဖုန်းစနစ်တွေမှာ ပိုပြီး စိတ်ချလုံခြုံမှုတွေ ရှိနိုင်ဖို့ အတွက်အားနည်းနေ တဲ့ လမ်းကြောင်းတွေကို ရှာဖွေ ဖော်ထုတ် နိုင်အောင် ပြုလုပ်နေတာ
ဖြစ်ပါတယ်။
Google ကနေလဲ ငွေသားဆု ချီးမြင့်ခြင်း ခံထား ရတာ ဖြစ်ပါတယ်။
မစုမွန်က မြန်မာပြည်မှာ တက္ကသိုလ်မှာ၂၀၀၅ ခုနစ်မှာ အောင်မြင်ခဲ့ပြီး ၂၀၀၇ ခုနစ်မှာ စင်ကာပူနိုင်ငံမှာ ပညာသွားသင် ခဲ့တာ ဖြစ်ပါတယ်။
အခုချိန်မှာတော့ ဆန်ဖရန်စ္စကိုမှာ အခြေစိုက် အိုင်တီ နည်းပညာ ကုမ္မဏီ တစ်ခုမှာ သတင်း အချက်လက် လုံခြုံရေး သုတေသန ပညာရှင် အလုပ် တစ်ခုကို
အောင်အောင် မြင်မြင်နဲ့ လုပ် ကိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
From : ကုမုဒြာဂျာနယ် by လိမ္မာ
Originally published at - http://www.kumudranews.com

No comments: