တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 5, 2017

ဝင်းဒိုးစ်တင်းန်တွေမှာ shut down မြန်မြန်ချတဲ့ နည်းများ




ဝင်းဒိုးစ် ကွန်ပျူတာနဲ့ လက်ပ်တော့ တွေမှာ ပါဝါ ပိတ်တယ် ဆိုရင် start ထဲကနေ shut down ဖြစ်စေ၊ ပါဝါခလုတ် ကို ဖိပြီး ပိတ်တာဖြစ်စေ၊ သမားရိုးကျ ပိတ်နည်း နှစ်နည်းနဲ့ ပုံမှန် ပိတ်တတ်ကြ ပါတယ်။

အခု မိုက်ခရိုဆော့ဖ်ရဲ့ ဝင်းဒိုးစ်တင်းန်ဗားရှင်းမှာ နောက်ဆုံးဖြစ်တဲ့ ဝင်းဒိုးစ်တင်းန်မှာ ဆိုရင် shut down လုပ်တဲ့နေရာမှာ အနည်းငယ် ကြန့်ကြာနေတဲ့ ပြဿ နာ ရှိတယ်လို့ သုံးစွဲသူတွေက ဝေဖန်ထားကြပါတယ်။

ဒါပေမဲ့ ဝင်းဒိုးစ်တင်းန်ဗားရှင်းမှာ shut down မြန်မြန်ချနိုင်မယ့် နည်းကို မိုက်ခရိုဆော့ဖ်ရဲ့ ဘလော့ဂ်ထဲမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

ကွန်ပျူတာရဲ့ search box ထဲမှာ power လို့ စာရိုက်ထည့်ပါ။ Power option တွေ့ရင် ရွေးပြီး အဲသည်ထဲက system setting ထဲဝင်ပါ။ List တွေရဲ့ ဘယ်ဘက်လောက်မှာ ‘Choose what the power buttons do’ ဆိုတာမြင်ရင် scroll နဲ့ ဆက်ဆင်းကြည့်ပြီးြွှုဟနေ ‘When I press the power button’ ဘေးက ဘောက်စ်မှာ shut down ကိုရွေးပါ။ ပြီးသွားရင် ‘Save changes’ ခလုတ်ကိုနှိပ်ပါ။  အဲသည့်အခါ မိမိအနေနဲ့ ပါ ဝါခလုတ်ကို တစ်ချက်လေးဖိထားရုံနဲ့ shut down မြန်မြန်ကျမှာ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ shut down ကို desktop ရဲ့ စခရင်မှာ shortcut logo ထားပြီး နှိပ် ရင်လည်း shut down မြန်မြန်ကျပါတယ်။ ဒါက အပေါ်က shut down ခလုတ်ကို ဖိနှိပ်တာထက်ပို မြန်တဲ့နည်းဖြစ်ပါ တယ်။

Shortcut ထည့်ဖို့ desktop မှာ right-click နှိပ်ပါ။ New > Short cut ထဲ က browse ပေါ်လာရင် အဲသည်ဘေးက ဘောက်စ်မှာ %win dir %\ System32\shutdown.exe/ s/t 0 ကို ရိုက်ထည့်ပါ။

နောက်ဆုံး နည်းလမ်းတစ်ခု ကတော့ desktop ပေါ်မှာ right click နှိပ်ပြီး start button တွဲလျက်နှိပ်ပါ။ အောက်ခြေမှာ ‘Shut down or sign out’ ပေါ်လာရင် ကာဆာကို ထောက်ထားပြီး ‘Shut down’ ပေါ်လာရင်ရွေးလိုက်ပါ။ နောက်ပြီး ကီးဘုတ်က နေ Alt – F4 တွဲလျက်နှိပ်ရင် လည်း shut down မြန်မြန်ကျပါတယ်။ အဲသည်မှာ Windows shut down menu ပေါ်လာရင် အောက်က enter ကို နှိပ်ပါ။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: