Google I/O 2016 မှာ နောက်လာမယ့် Android တွေမှာ App Store မလိုဘဲ app တွေကို အသုံးပြုနိုင်မယ့် Instant apps feature ကို မိတ်ဆက် ပေးခဲ့ပါတယ်။
Instant apps ဆိုတာကတော့ Google Play Store ကနေ app တွေကို download လုပ်စရာမလိုဘဲ အသုံးပြုချင်တဲ့ app ကို Google Search မှာ စာရိုက်ထည့်ပြီး ရှာရုံနဲ့ အဆင့်သင့် အသုံးပြုနိုင်မယ့် feature တစ်ခုဖြစ်ပါတယ်။
Instant app ကို Android version 7.1.1 နဲ့ 7.1.2 တို့မှာ စတင် သုံးစွဲနိုင် ပါတယ်။
Instant app feature ကိုအသုံးပြုဖို့အတွက် phone ရဲ့ Settings menu ကိုဖွင့်ပါ။
ပြီးရင် Personal Category အောက်က Google ဆိုတာကို ရွေးချယ်ပေးရပါမယ်။
Google အောက်ကမှ Instant Apps ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။
Instant Apps ထဲကိုရောက်ရင် ညာဘက်ထောင့်အပေါ်နားက toggle ကို enable ပြုလုပ်ပေးလိုက်ပါ။
Instant Apps ကို အသုံးပြုဖို့အတွက် Instruction box တက်လာရင် Yes I’m ဆိုတာကို နှိပ်ပြီး Instant app feature ကို enable ပြုလုပ်ထားပြီးပြီဖြစ်ပါတယ်။
အသုံးပြုပုံကတော့ Google search ကနေ ကိုယ်အသုံးပြုချင်တဲ့ install မလုပ်ရသေးတဲ့ app တစ်ခုအမည်ကို ရိုက်ထည့်ပြီး ရှာဖွေလိုက်တဲ့အခါ အောက်မှာ Instant ဆိုတဲ့ စာလုံးပါဝင်တဲ့ search result ပေါ်လာပါမယ်။
Instant ကို နှိပ်လိုက်ရင် Open App နဲ့ Open Browser ဆိုတာကို တွေ့ရပါလိမ့်မယ်။ Open App ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် app အနေနဲ့ စတင်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။
အကယ်လို့ သုံးစွဲသူက ဒီ app ကို ကြိုက်နှစ်သက်လို့ install ပြုလုပ်ချင်တယ်ဆိုရင် App Info ဆိုတာကို နှိပ်ပြီး Install ကိုရွေးချယ်ကာ app ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
Ref: Android Authority
From : Internet journal
Originally published at - http://www.internetjournal.media/?p=57879
No comments: