Chrome Browser ကို အသုံး မပြုတဲ့ အခါမှာ Background မှာ run နေတာကို ပိတ်ထား ချင်တယ် ဆိုရင် ပြုလုပ် နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။
Browser ကို ပိတ်လိုက်တဲ့ အခါမှာ နောက်ကွယ်မှာ run နေတာဟာ ကောင်းကျိုးရော ဆိုးကျိုးပါ ရှိပါတယ်။ ကောင်းကျိုး အနေနဲ့ web service တစ်ခု ခုကို အသုံးပြု နေတယ်ဆိုရင် notification တွေ နဲ့ update တွေကို နောက်ကွယ် ကနေ လုပ်ဆောင် ပေးနေ ပါလိမ့်မယ်။
မကောင်းတဲ့ အချက် အနေနဲ့ ကတော့ Chrome browser ဟာ နောက်ကွယ်မှာ run နေတဲ့ အတွက် system ပိုင်းမှာ အလုပ် လုပ်ဆောင်တဲ့ အခါ အနည်းငယ် နှေးစေမှာ ဖြစ်ပါတယ်။
တစ်ကယ်လို့ သင်ဟာ ဂိမ်းကစားမယ် ဆိုရင် Chrome browser ကနောက်ကွယ် ကနေ run နေတဲ့ အတွက် အနည်းငယ် ပိုမိုလေး နေပါလိမ့်မယ်။
Browser ကို ပိတ်ထားချိန်မှာ Background မှာ run မနေစေဖို့အတွက် Chrome browser ရဲ့ Main menu ကို နှိပ်ပါ။ ပြီးရင် Settings ဆိုတာကို ရွေးရပါမယ်။
Settings ထဲကမှ Show advanced settings ဆိုတာကို ထပ်မံနှိပ်ပါ။
System အောက်က Continue running background apps when Google Chrome is closed ဆိုတဲ့နေရာမှာ အမှန်ခြစ်ကို ဖြုတ်ထားလိုက်တယ်ဆိုရင် Chrome browser ကို ပိတ်လိုက်တဲ့အခါမှာ background မှာ run နေမှာမဟုတ်တော့ပါဘူး။
From : Internet journal
Originally published at - http://www.internetjournal.media/?p=57981
No comments: