
ယခင်အပတ်က Imagination Technologies (IMG) နှင့် ၄င်း၏ ရှယ်ယာရှင် များသည် Apple မှ Imagination ၏ GPU IP လိုင်စင်ကို ရယူမည် မဟုတ်ဟု ဆိုခဲ့ ခြင်းကြောင့် ကြီးကြီး မားမား ထိခိုက်မှု ရှိခဲ့သည်။
IMG သည် ၄င်း၏ ၀င်ငွေ တစ်ဝက်အား Apple ပေါ်တွင် အားထားနေ ရသည်ဖြစ်ရာ အဆိုပါ သတင်းကြောင့် ၄င်း၏ ရှယ်ယာများ လွန်စွာ ကျဆင်း သွားခဲ့ပြီး ယခင်ကနှင့် ယှဉ်ပါက တစ်ဝက် မျှပင် တန်ဖိုး မရှိတော့ကြောင်း သိရသည်။
အဆိုပါနေ့က Apple သည် ပုံစံသစ် GPU Architecture ကို တည်ဆောက် သွားရန် ရှိနိုင်ကြောင်း သတင်းများ ထွက်ပေါ် ခဲ့ပြီး IMG ၏ မူပိုင်ခွင့် များကို ထိခိုက်မည် မဟုတ်ဟု ဆိုခဲ့သည်။
Imagination Technologics သည် ၄င်း၏ GPU နည်းပညာလိုင်စင်အား Apple ထံငှားရမ်းနေသည်မှာ ဆယ်စုနှစ်တစ်စုရှိခဲ့ပြီဖြစ်ပြီး Apple ထံမှ နှစ်စဉ် ယူရို သန်း 60 ထိ ရရှိလျက်ရှိသည်။
သို့သော် Apple မှ ၄င်း၏ထုတ်ကုန်များအပေါ်တွင် ယခုထက်ပို၍ ထိန်းချုပ်မှုရရှိရန် လိုလားနေသဖြင့် ကိုယ်ပိုင်နည်းပညာဖြင့် GPU များကို ထုတ်လုပ်သွားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
Imagination Technologics နှင့် လမ်းခွဲအပြီးတွင် Apple သည် UK Design Centre အတွက် GPU အင်ဂျင်နီယာများကို ဆက်တိုက်ငှားရမ်းလျက်ရှိကြောင်း သိရသည်။
Graphic Architecture Design နှင့် Support အတွက် အလုပ်နေရာ တစ်ဒါဇင်မက ခေါ်ယူလျက်ရှိပြီး Imagination ၏ လက်ရှိဝန်ထမ်းများကို အဓိက ပစ်မှတ် ထားပုံရကြောင်း သုံးသပ်ကြသည်။
Linked in profile များအရ Apple သည် လွန်ခဲ့သော 2 နှစ်အတွင်း Imagination ၀န်ထမ်းဟောင်း 25 ယောက်ထိ အနည်းဆုံး ခန့်ထားခဲ့ဖူးကြောင်း တွေ့ကြ ရသည်။
From : NetGuide Journal
Originally published at - www.facebook.com/officialnetguidejournal

No comments: