
Huawei Enjoy 7 Plus ကို တရားဝင် ကြော်ငြာ ခဲ့ပြီး 5.5" Display ပါဝင်ကာ ဒီဇိုင်း အရ Enjoy 6 နှင့် တူညီ ခဲ့ကြောင်း သိရပြီး Hardware အရမူ တိုးတက်မှု များစွာကို တွေ့ကြရသည်။
Screen ကြီးမား လာခဲ့ပြီး 720p Resolution ဖြစ်ကာ 4000mAh ဘက်ထရီ ပါဝင် လာခဲ့သည်။
Snapdragon 435 Chipset ကို သုံးစွဲခဲ့ပြီး စွမ်းဆောင်ရည်နှင့် စွမ်းအင်သုံးစွဲမှု နှစ်ခုကြားတွင် မျှမျှတတရှိမည်ဟု ဆိုသည်။ RAM 3GB ပါဝင်ပြီး Storage 32GB ပါဝင်ကြောင်း သိရသည်။
Huawei Enjoy 7 Plus တွင် ကင်မရာအသစ်ကိုလည်း တွေ့ရပြီး 12MP ကင်မရာဖြစ်လာကာ ရှေ့ဘက်တွင် 8MP ကင်မရာပါဝင်သည်။ ကျောဘက်ကင်မရာ၏ အောက်ဘက်၌ လက်ဗွေ ဖတ်နိုင်သော Fingerprint Sensor အား တွေ့နိုင်သည်။
7 Plus အား တရုတ်တွင် စတင်ရောင်းချမည်ဖြစ်ပြီး Android 7.0 Nougat ပါဝင်ကာ CNY 1600 ဈေးသတ်မှတ်ထားပြီး ဒေါ်လာ 230 ၀န်းကျင်ရှိကြောင်း တွေ့ရသည်။
အခြားနိုင်ငံများသို့ စတင်ဖြန့်ချိ ရောင်းချမည့် ကာလကို အတိ အကျ မသိရသေးပေ။
From : NetGuide Journal
Originally published at - www.facebook.com/officialnetguidejournal

No comments: