
ကွန်ပျူတာ တွေကို လူသားရဲ့ ဦးနှောက်နဲ့ တိုက်ရိုက် ထိန်းချုပ်မှု ပြုလုပ် နိုင်မယ့် နည်းပညာ ဖန်တီးဖို့ ရည်မှန်း ထားကြောင်း ဖေ့ဘွတ်ခ် ကုမ္ပဏီက ပြောကြား လိုက်ပါတယ်။
အသံ မထွက်ဘဲ ပြောဆို ခိုင်းစေ နိုင်မယ့် ဆော့ဝဲလ်ကို စမ်းသပ် နေပြီး အောင်မြင်မှု ရခဲ့မယ် ဆိုရင် အသုံးပြု သူဟာ တစ်မိနစ်ကို စာလုံး အရေ အတွက် ၁၀၀ နှုန်းနဲ့ စာရိုက် နိုင်မှာ ဖြစ်ပါတယ်။
ခွဲစိတ်မှု ပြုလုပ်ဖို့ မလိုအပ်ဘဲ ဦးနှောက် လှိုင်းတွေကို သိရှိနိုင်မယ့် နည်းပညာ အသစ်ကို အစောပိုင်း အဆင့်မှာ ဖန်တီး နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဦးနှောက်လှိုင်းအကုန်လုံးကို ဖော်ထုတ်ဖို့ ရည်ရွယ်တာ မဟုတ်ဘဲ အသုံးပြုသူ အနေနဲ့ အခြားသူတွေ သိရှိအောင် မျှဝေချင်တဲ့ အတွေးတွေ ကိုပဲ စာအနေနဲ့ ရိုက်နိုင်အောင် ကြံဆ ဖန်တီးနေတာ ဖြစ်ပါတယ်။
အဆိုပါစီမံကိန်းအတွက် လိုအပ်မယ့် ဟတ်ဒ်ဝဲလ်နဲ့ ဆောဝဲလ် နှစ်မျိုးစလုံးကို ဖေ့ဘွတ်ခ်ကုမ္ပဏီကပဲ ပညာရှင်ပေါင်း ၆၀ ကျော်နဲ့ ပူးပေါင်းဆောင်ရွက် နေပါပြီ။
အဆိုပါကြေညာချက်ကြောင့် ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ လက်ရှိဖြစ်နိုင်ခြေရှိတဲ့ နည်းပညာအားလုံးကို ပုံဖော်လိုက်တာလို့ ပြောဆိုနိုင်ပါတယ်။ လက်ရှိအချိန် အထိတော့ ဦးနှောက်ကို ထိန်းချုပ်ဖို့အတွက် ကွန်ပျူတာ ချပ်စ်ပြားကို ဦးခေါင်း ခွဲစိတ်ပြီး စိုက်ထားမှ ရနိုင် ပါသေးတယ်။
ဦးနှောက်ပြင်ပကနေ ထိန်းချုပ်မှု ပြုလုပ်တဲ့ နည်းပညာကတော့ လက်ရှိအချိန်မှာ ဈေးကွက်ထဲမှာတောင် ရှိနေပြီးသားပါ။ ဒါပေမဲ့ အ ဆိုပါ ကိရိယာတွေက အခြေခံ အကျဆုံး လုပ်ဆောင် ချက်လေးတွေကို လုပ်ဆောင်နိုင် ပါသေးတယ်။
အခုစီမံကိန်းအောင်မြင်မှုရရှိ ဖို့အတွက် တစ်စက္ကန့်ကို ဦးနှောက်လှိုင်း ရာပေါင်းများစွာ ဖမ်းယူနိုင်တဲ့ ဆင်ဆာတွေ လိုအပ်နေ ပါသေးတယ်။
From : Myanmar Cable News
Originally published at - http://www.mcntv.biz/news/international-news/34307/

No comments: