တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, April 19, 2017

ပုံရိပ်တုဖန်တီးမှုသည် ဖေ့စ်ဘွတ်ခ်၏ အရေးအကြီးဆုံး ကိစ္စဖြစ်ဟု မာ့ခ်ဇူကာဘာ့ဂ် ပြော




ဖေ့စ်ဘွတ်ခ် အမှုဆောင် အရာရှိချုပ် မာ့ခ် ဇူကာဘာ့ဂ်က Augmented reality လို့ ခေါ်တဲ့ ပုံရိပ်တု ဖန်တီးမှုဟာ အခုချိန်မှာ ဖေ့စ်ဘွတ်ခ်ရဲ့ အရေး အကြီးဆုံး ကိစ္စ ဖြစ်တယ်လို့ ဧပြီ ၁၈ ရက်နေ့ ကုမ္ပဏီရဲ့ နှစ်စဉ် ဆော့ဖ်ဝဲ ရေးသူများ အစည်း အဝေးမှာ ပြောခဲ့ ပါတယ်။

အဲဒီ နည်းပညာဟာ လူတွေကို ဂိမ်းတွေ ထဲမှာ ကိုယ်တိုင် ပါဝင်စေနိုင်သလို ကိုယ့် ပတ်ဝန်းကျင်က အရာတွေ ကိုလည်း ပြောင်းလဲ ပေးနိုင်မှာ ဖြစ်ပါတယ်။

ဥပမာ အဲဒီ အပလီကေးရှင်းကိုသုံးပြီး ကော်ဖီဆိုင်က စားပွဲပေါ်မှာ ကိုယ့်သူငယ်ချင်း အတွက် စာရေးထားခဲ့လို့ ရတာမျိုး၊ လမ်းတွေ၊ နံရံတွေပေါ်မှာ ပန်းချီဆွဲလို့ ရတာမျိုးတွေ လုပ်လို့ ရမှာ ဖြစ်ပါတယ်။

အဲဒါအပြင် သီးသန့် 3D ခေါင်းစွပ်နဲ့ ကြည့်ရတဲ့ Virtual Reality လို့ခေါ်တဲ့ နည်းပညာဘက်မှာလည်း ဖေ့စ်ဘွတ်ခ် စပေ့စ် (Facebook Space) လို့ခေါ်တဲ့ အပလီကေးရှင်းတခုကို ဖန်တီးနေပါတယ်။

ဒီ ဖေ့စ်ဘွတ်ခ်စပေ့စ်ဟာ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကထုတ်တဲ့ Oculus VR ခေါင်းစွပ်သုံးသူတွေသာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အဲဒီမှာ ကိုယ်ကြိုက်တဲ့ပုံစံနဲ့ ကိုယ့်ကိုယ်ပွားတွေ၊ နောက်ခံတွေ၊ ရွှေ့လို့ရတဲ့အရာတွေ ပါဝင်မယ်လို့ ပြောပါတယ်။ အဲဒီ အပလီကေးရှင်းနဲ့ Virtual ကမ္ဘာတု ထဲမှာ တခြားသူငယ်ချင်းတွေနဲ့ တွေ့ဆုံနိုင်မှာ ဖြစ်ပါတယ်။

Oculus VR ကုမ္ပဏီကို ၂၀၁၄ ခုနှစ်မှာ ဖေ့စ်ဘွတ်ခ်က ဝယ်ယူခဲ့ပေမယ့် အခုချိန်ထိ ဈေးကွက်မှာ ရောင်းချဖို့ မထုတ်နိုင်သေးဘူးလို့ သိရပါတယ်။

ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှာ မကြာခင်ကမှ ပြောင်းလဲထည့်သွင်းလိုက်တဲ့ “discover” ခလုတ်အကြောင်းလည်း ပြောခဲ့ပါတယ်။

အဲဒီ discover tab ကနေ ကုမ္ပဏီတွေကို ဆက်သွယ်နိုင်မှာဖြစ်ပြီး အနီးအနားက စီးပွားရေး လုပ်ငန်းတွေကိုလည်း ရှာဖွေနိုင်မယ်လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/201956

No comments: